undefined
undefined
ငါ့လမ်းက ဆူးတွေတင်းကြမ်းပြီး ခံနေကြပေါ့ဓားလှံအစင်းစင်းလို စကားလုံးတွေကလည်း
သွေးချင်းချင်းနီနေတဲ့ ဟောဒီရင်ဘတ်ကိုပဲ
လာ … လာ မှန်တယ် …
ယုံကြည်သူလက်ကိုတွဲ …
ကလေးငယ်တစ်ယောက်လို
ဟောဒီကိုယ့်မမြင်ကွယ်ရာ လောကကို
အံကျိတ်ခဲပြီး တိုးဝင်လာသူ
အမှောင်နဲ့ ရင်ဆိုင်အတွေ့မှာ
မေ့မျောသွားလိုက်ပုံများ
ကမ္ဘာတွေ အနန္တခြားလောက်ပါရဲ့လေ
ဟိုအရင်အချိန်များဆီက
ကိုယ့်ကိုယ်တမ်းတမွတ်သိပ်နေတဲ့သူ
သူ့ဝဋ်တွေ ကိုယ်လည်ပြီး
အခု ကိုယ်က သူ့ကို တမ်းတမွတ်သိပ်နေရတယ်
ဟောဒီလောကရဲ့ ထုံးတမ်းစဉ်လာတွေအရပဲ
ကိုယ်တို့မှာ အချိန်တွေ ဖဲ့ဖဲ့ပေးလိုက်ရ
ပြီးတော့လည်း အနိမ့်ကျဆုံးဘ၀မှာပဲ ပြန်ပြန်ပြီး အိပ်နေလိုက်ရ
မေမေရယ် …
သားဟာ လောကဓံသစ်သီးလေးတစ်လုံးပေါ့
အချိန်တွေ ကြာလာတာနဲ့အမျှ
နေလောင်ပြီး ပုပ်သိုးလို့လာနေတယ်
ဒါနဲ့တောင်မှ ရနံ့က မွှေးမြချင်တုန်းလေ
ချစ်သောသူရဲ့ အနီးမှာ ဝေးကွာခြင်းပုံရိပ်တွေနဲ့အတူ
ကိုယ်ဟာ ခပ်ညံ့ညံ့စာသားတွေနဲ့ ရေးဖွဲထားတဲ့ ကဗျာ
ခပ်ချာချာစုတ်ချက်တွေနဲ့ မှုန်းချယ်ထားတဲ့ ပန်းချီ
ပြီးတော့လည်း မနက်ခင်းတွေကို နိုးထရမှာ စိုးရွံ့နေတဲ့လူ
ဘယ်အရာအတွက်မှ ကိုယ်သတ္တိတွေ ထပ်မရှိတော့ဘူး
ကိုယ့်ကို တွန်းအားပေးမယ့်သူ ကိုယ့်ခွန်အားတွေ သစ်စေမယ့်သူ
တစ်ယောက်သော သူ .. ကတော့ အိပ်မောကျလို့ပေါ့လေ
ကိုဖြိုး