undefined
undefined
၁၉၁၅။ ဖေဖော်ဝါရီ ၁၃။ ၀တ်လုံတော်ရကြီးရေ့ … ယောက်ျားလေးတော့ ယောက်ျားလေး။
စနေသားကွ နေတက်ရေတက်မှာမွေးတယ်။
ဒီလိုနဲ့ ဒီလိုနဲ့
ဗိုလ်မင်းရောင်လည်း မရှိတော့ဘူး။
ဒေါ်စုနဲ့ ဦးဖာတို့ရဲ့ သားတော်မောင်တစ်ယောက်
လူမမည်ကလေးအရွယ်ကစလို့
ဘ၀ကို တဖြည်းဖြည်းပီပြင်စေခဲ့
မှုန်တေတေ ဂျစ်ကန်ကန်လူတစ်ယောက်
ကမ္ဘာကို ဘုန်းမီးနေလတောက်တဲ့ ဂရိတ်ဗြိတိန်ကို
နောက်ကောက်ချလိုက်တယ်
သူ့သွေးတွေနဲ့ ဆေးကြောသန့်စင်လိုက်တဲ့
ကျွန်စော်တွေ …
ဒါဟာ လူတစ်ယောက်ဖြစ်တယ်
ခင်ဗျားတို့ ကျုပ်တို့ စားကောင်းခြင်းစားရပြီး
အိပ်ကောင်းခြင်းအိပ်နိုင်ဖို့
စားကောင်းခြင်းမစားဘဲ အိပ်ကောင်းခြင်းမအိပ်ဘဲ
ကြံဖန်ရှာဖွေပေးခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်
သြော် အခုဆိုရင်ဖြင့် သူ့အသက် ၉၄ နှစ်တောင် ပြည့်ပါရောလားကွယ်
သုံးဆယ်ကျော်လူငယ်တစ်ဦးက
ကမ္ဘာ့သမိုင်းမှာ မြန်မာကို နေရာဦးပေးခဲ့ဖူးတယ်လေ။
ကိုဖြိုး