အမေ့အိမ်ရဲ့ အဝေးမှာ ...
ကျွန်တော် ...
သူနဲ့ ...
မရှိအတူ ရှိအတူ ...
လူရာမ၀င်တော့တဲ့အတွေးတွေနဲ့ ပိတောက်ကိုခြောက်သွေ့လိုက်
သံချပ်တွေ စည်းဝါးရိုက်နေလဲ ...
ငါမပါနိုင်သေးဘူးကွယ် ...
ကိုဖြိုး
စမ်းရမှာက ဒီလို။
အရင်ဆုံး Start Menu ထဲက Run ကိုခေါ်ရမယ်ဗျ။
ပြီးမှ သူ့ရဲ့ စာရိုက်တဲ့ အကွက်ကလေးထဲမှာ
c:\windows\system32\tsdiscon.exe
ဒါလေး ရိုက်ထည့်လိုက်။ ပြီးရင်တော့ OK နှိပ်လိုက်ပေါ့ဗျာ။
ခင်ဗျားတသက်မှာ မမြင်ဖူးလောက်အောင် ထူးခြားဆန်းပြားမှုတစ်ခုကို တွေ့ထိခံစားရပေမပေါ့ဗျာ။
အဲ ... ခင်ဗျားရဲ့ စက်မှာမှ မမြင်ရဘူးဆိုရင်တော့ အဲဒီ ညီညီ့ကိုသာ သွားခေါင်းစားပေတော့ဗျာ။
ကျွန်တော်လည်း သိတာမဟုတ်ဘူး။ သူစမ်းဆိုလို့ စမ်းကြည့်တာ။
အာလုတ်သံကြီးနဲ့ ပြောရမယ်ဆိုရင်တော့ သောက်ကျိုးနဲ့ လန်းတာကိုးဗျ။
ကိုဖြိုး


Canon EOS 1000D တဲ့ခင်ဗျ။ သူနဲ့ အတူတူတွဲပြီး ပါလာတာကတော့ Canon Zoom Lens EF-S 18-55 f/3.5-5.6 IS ဆိုတဲ့ Lens ခင်ဗျ။

အဲ ... ခပ်ဝေးဝေးက ပုံတွေကို ရိုက်ယူတဲ့အခါမှာ ဒါလေးနဲ့ အားမရပါဘူးရယ်လို့ ထပ်စဉ်းစားလိုက်ပြန်တော့ နောက်ထပ် Lens တစ်လုံး ရောက်လာပြန်တယ်။ Canon Telephoto Zoom Lens EF 75-300mm f/4-5.6 III USM တဲ့ဗျ။


ဒါနဲ့ အားရသလားဆိုတော့ မရပြန်ဘူးဗျ။ နေပြင်းပြင်းတွေ အလင်းထန်ထန်တွေကြားမှာ ဓါတ်ပုံဆေးသားက စိတ်တိုင်းမကျပြန်လေတော့ ဒီလိုနဲ့ပဲ ထပ်တောင့်တလိုက်တယ်။ လာလေရော့ဟယ်ဆိုပြီးတော့ ...

Steinzeiser 58mm UV Filter က တစ်ချပ် (မှတ်ချက်။ ။နမူနာပုံ ရှာမရပါသဖြင့် Canon 58mm UV Filter ကို အစားထိုးဖော်ပြလိုက်ပါတယ်။)

Steinzeiser 58mm CPL Filter က တစ်ချပ် (မှတ်ချက်။ ။နမူနာပုံ ရှာမရပါသဖြင့် အလျင်းသင့်ရာ 58mm CPL Filter တစ်ချပ်ကို အစားထိုးဖော်ပြလိုက်ပါတယ်။)
ရလေလိုလေလေ အိုတစ္ဆေဆိုတာက ကင်မရာကို ဆိုလိုဟန်တူပါရဲ့လေ။ မြင်ကွင်းကျဉ်းကျဉ်းလေးတွေကို အားမရလာပြန်တော့ မြင်ကွင်းကျယ်ကျယ်မြင်ရစေဖို့ ထပ်တောင့်တလိုက်ပြန်တယ်။

သူကတော့ ကင်နွန်မဟုတ်ရှာတော့ဘူးဗျ။ Vitacon 0.5X Wide တဲ့ဗျ။ သူ့စကားအရတော့ Super Wide Angle တဲ့လေ။ With Detactable Macro Attachment ဆိုတာလေးပါ အဆစ်ပါလိုက်သေးသကိုး။
ဒါနဲ့ ကျေနပ်မယ်များထင်လေသလား။ နိုး နိုး နိုးပါတဲ့ဗျာ။ အလင်းတွေရဲ့ စူးဝါးမှုကို ဘယ်လိုနည်းနဲ့များ ခုခံရပါ့မလဲ စဉ်းစားမိလေတော့ ...


ပန်းပွင့်လိုလို ဘာလိုလိုနဲ့ Lens Hood ကတစ်ခု ရော်ဘာ Lens Hood က တစ်ခု။ ဇါတ်ရှိန်ကတော့ နည်းနည်းမြင့်လာပြီဗျ။ ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ရိုက်ရပါမလဲ စဉ်းစားမိလေတော့ သွားသတိရတာလေးက ...

ထရိုင်ပေါ့လေးပေါ့ဗျာ။
ပြီးတော့ ပုံရဲ့ အလင်းရိပ်ကလေးတွေကို သေသေသပ်သပ်ကလေးဖြစ်စေချင်လာတော့ ...

Canon speed lite 430 EX II လေးပေါ့ဗျာ။ အောင်မာ ဒီအကောင်က သူ့ချည်းပဲမပြီးပြန်ဘူးဗျ။ အားသွင်းလို့ရတဲ့ ဓါတ်ခဲရယ် ဓါတ်ခဲအားသွင်းတဲ့ စက်ရယ် ထပ်ဖြည့်ပေးရသေးသကိုး။
ဒါနဲ့ပဲလားဆိုတော့ ဘယ်ဟုတ်ချေမလဲ။ ဓါတ်ခဲအားကြာကြာခံအောင်ဆိုပြီးတော့ ...
Canon BG-E5 ဆိုတာလေးကို ထပ်ဖြည့်ရပြန်ကော။ သူက လစ်သီယန်ဆိုတဲ့ ဓါတ်ခဲကော ရိုးရိုးသာမန် ဓါတ်ခဲပါ ထည့်ရိုက်လို့ရတော့ နည်းနည်းပိုအဆင်ပြေလာတာပေါ့ဗျာ။
ဒါတွေလည်း တပုံတခေါင်းကြီးဖြစ်လာကော အိတ်က မဆံ့တော့ဘူးဗျ။ ဒါနဲ့ပဲ ...

lowepro Flipside 300 ဆိုတဲ့ အိတ်ကလေးတစ်လုံးလည်း ပါလာချေသပေါ့ဗျာ။ အဲလိုနဲ့ပဲ မောင်ကြီး မပြန်နိုင်ဖြစ်နေသကိုး။ ပြန်မယ်ကြံထားလိုက် ကင်နွန်ကို လှူလိုက်တန်းလိုက်နဲ့။ ဒါတွေက ဘာရှိသေးလို့လဲဗျာ။ နောက်ထပ် မျှော်လင့်တောင့်တနေတာတွေကလည်း မနည်းမနောကိုး။ အရသာခံဖူးတယ်ရှိအောင်တော့ တပါတည်း ပြောလိုက်ရချည်သေးရဲ့ ...
နဂိုရှိပြီးသား Canon Zoom Lens EF-S 18-55 f/3.5-5.6 IS အစား ဒါလေးနဲ့ အစားထိုးချင်သဗျ။

Canon EF-S 17-85mm f/4-5.6 IS USM Lens လေးပေါ့ဗျာ။ အဲဒီလိုပဲ နဂို ရှိထားပြီးသား Canon Telephoto Zoom Lens EF 75-300mm f/4-5.6 III USM အစား ဒီ နှစ်ခုနဲ့ အစားထိုးချင်တယ်ဗျ။

Canon Telephoto Zoon EF 70-300mm f/4.5-5.6 DO IS USM ရယ် (ဒီကောင်က အကောင်သေးသေး အဆိပ်ပြင်းပြင်းဆိုတာမျိုးဗျ။ Lens ကလေးက သေးသလောက် အတော်စွမ်းတယ်လို့ ဆိုရမယ်။)

Canon Telephoto Zoon EF-S 18-200mm f/3.5-5.6 IS ဆိုတာလေးရယ်ပေါ့ဗျာ။ (ဒါလေးကတော့ Telephoto Zoom Lens တွေထဲမှာ အတော့်ကို Good တယ်ပေါ့ဗျာ။ နီးနီးဝေးဝေး အေးဆေးဆိုတာမျိုးပေါ့။)
နောက်ထပ်တစ်ခါ အရာဝတ္ထုသေးသေးလေးတွေကို အသေးစိတ်ကလေး ရိုက်ယူဖို့အတွက် ဒါလေးလည်း ပါစေပေါ့။ Canon MP-E 65mm 1-5x Macro Lens

နောက်တစ်ခါ ငါးမျက်စေ့တွေလို အမြင်မျိုးပေးစွမ်းနိုင်ဖို့ .... Canon EF 15mm f/2.8 Fisheye Lens

နောက်တစ်ခါ ဘယ်လောက်ဝေးဝေး နီးနီးလေးဖြစ်စေဖို့ ... Canon EF 800mm f/5.6 L IS USM Lens

ဒါတင်ပဲလားဆိုတော့ ဘယ်ကလိမ့်မလဲနော်။ သူတို့တွေနဲ့ တွဲဖက်စေဖို့က ...



ဒါကတော့ နဂိုဟာထက်ပိုစွမ်းတဲ့ Canon Speedlite 580EX II Flash လေးပေါ့ဗျာ။
အဲဗျာ Digital SLR ကင်မရာလေးတစ်လုံးကနေ စလိုက်တဲ့ အရာတွေဟာ ဘယ်မှာများဆုံးမှာပါလိမ့်နော်။ သေချာတာတစ်ခုကတော့ ဒါတွေအားလုံး စုံလင်သွားတဲ့အခါမှာ

ဒါလေးကိုပါ လိုချင်လာလိမ့်မယ်ဗျ။ သူကတော့ Canon EOS 1Ds Mark III ပေါ့ဗျာ။ ရှယ်ဆိုမှ ရှယ်ပေါ့လေ။
သြော် ... ကင်နွန်ကုမ္ပဏီကြီး ကြီးပွားတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အားပေးကြပါဦးစို့လေ။
ကိုဖြိုး
Lens နဲ့ အခြားပစ္စည်းတွေအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ဆက်လေ့လာနိုင်ပါတယ်။ ပုံအတော်များများကို အဲဒီ Site ထဲကနေ ရယူထားပါတယ်။
L'etranger
About
-
မေမေရေ ... သားလည်လည်သွားဦးမယ် ... ဆိုပြီးတော့ ဟောဒီကမ္ဘာထဲကို အလည်ထွက်ခဲ့သူ ...
Followers
My Blog List
-
-
ကိုယ့်ရဲ့နံနက်ခင်း - လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အ...8 years ago
-
Hello world! - Welcome to WordPress. This is your first post. Edit or delete it, then start writing!8 years ago
-
အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က - ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့် ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ....9 years ago
-
ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ - အရာရာက မှောင်မိုက်လို့။ အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။ ဘာအလင်းမှုန်မှ မရှိ ။ ပကတိမှောင်မိုက်နေကြတယ်။ အဲ့မှောင်မိုက်မှုထဲ တယောက်လက်ကို တယောက်ဆွဲ ကြိုးစားကြ ...9 years ago
-
ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) - +ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်...14 years ago
-
အမှားပြင်ခြင်း - ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မ...15 years ago
-
Windows Vista Aero Vs. Linux Ubuntu Beryl - Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အာ...16 years ago
-
-
-
My Links
C-Box
Search

© Copyright L'etranger. All rights reserved.
Designed by FTL Wordpress Themes | Bloggerized by FalconHive.com
brought to you by Smashing Magazine