ငါ ကျဆုံးလဲလျောင်းရာ အရာတွေရှိတယ်
အသွားအပြန်မှ မဟုတ်ပါဘူး
အလျားအနံမှာလည်း သူ့အထွာနဲ့သူ သူ့အတာနဲ့သူ
ဘာတွေညာတွေ ရှင်းပြနေဖို့မှ မလိုတော့တာ
မြင်တာအားလုံးမှန်တယ် ...
ဘယ်အကောင်မှ အဖတ်မလုပ်တဲ့ ခန္ဒာစုတ်နဲ့လူ
အရှက်လည်း မဲ့၊ မျက်နှာလည်း ပြောင်
ယောင်လို့တောင် လာမခေါ်ကြေး ...
တစ်ဘ၀စာ အမှန်တစ်ခုအတွက်
တစ်ဘ၀စာ အမှားတွေကို လဲပစ်ခဲ့မိတယ် ...
ဒါဟာ ထပ်မှားပြန်တာလား ...
“သွား” စမ်းပါ ... မှားတယ်ဆိုဦးတော့ ...
ရင်ဘတ်ကို စည်တီး ဟီးဟီးဟားဟားတိုက်ပြီးပဲ နေလိုက်မယ်
ပုဆိုးကိုပိုက်ကာ စောင်ကိုပိုက်ကာ ... လိုက်ခဲ့ပါ့မယ် ...
မွေးမြေမှာ လူတွေနေမှ ငါ့ခြေတွေ ဦးလှည့်တော့မယ်
လူလိုလို လူတွေနေနေသရွေ့တော့
မျက်ရည်တွေနဲ့အတူတူ ကမ္ဘာကုန်ကျယ်သရွေ့ပေါ့
ကိုဖြိုး