ငါ့အရိပ်ရှည်လျားလျားက ခွေးလေခွေးလွင့်တွေရဲ့ ကြားထဲမှာပေါ့
အိမ်ရယ်လို့ မပီပြင်တဲ့ အိမ်မှာ ငါနေခဲ့ဖူးတယ်
အခုတော့လည်း ကမ္ဘာမြေကြီးကို ခေါင်းအုံးပြီး
ကျောတစ်ခင်းအတွက်လည်း မိုးလင်းအထိ အမှောင်ကို စောင့်လို့ကြည့်မယ်လေ
မနာလိုသူတွေ အားရကျေနပ်ကြစေသား ...
လမ်းဘေးအိပ်ပြီး လမ်းဘေးစားတဲ့ ငါ့နေ့ရက်တွေကို
အောင်သေသောက်သုံး အောင်မြင်သံတွေ ဖုံးပြီး
ရယ်မောကြပါဦးလေ
ချစ်သောသူရေ ...
မျက်ရည်စတွေကို လက်ခုံနဲ့ ပွတ်သပ်သုတ်ပစ်လိုက်ပေါ့ကွယ်
ဘ၀ရဲ့ ကံကြမ္မာမှာ ငါခံစရာတွေ ကျန်နေသေးသရွေ့တော့
မင်းလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူးလေ
စိတ်သွားတိုင်း ကိုယ်မပါတဲ့ဘ၀ထဲကို ငါတို့ ပြန်မလာကြတော့ဘူးနော်
အားမတန်ဘဲ မာန်တွေကိုလည်း ထပ်တလဲလဲ မလျှော့တော့ပါဘူး
ပျော့တွဲနေတဲ့ လက်တွေဖြစ်နေစေဦးတော့
ငါတို့ ဆက်တွဲ "မြဲ" ကြမယ်လေ
မေမေက ငါ့ကိုပြောတယ်
သား ကိုယ့်ဟာကိုယ် ဂရုစိုက်ပါတဲ့
အရိုက်ခံလိုက်ရတဲ့ နှလုံးသားတစ်ခုနဲ့ ကောင်ပါ မေမေ
လေသံကြားရင်တောင် နှလုံးက လန့်လန့်သွားတတ်သေးတယ်
ကျွန်တော် သူ့ကို ထားမသွားနိုင်ဘူး မေမေ
အေးစက်တုန်ရင်နေတဲ့
မေးအစုံနဲ့ပဲ ကိုယ့်လက်တွေကို ကိုယ်ပြန်ပွတ်နေမိပေါ့
နွေးတေးတေး ငွေ့တေ့တေ့လေးနဲ့ပါပဲ
အာငွေ့လေးကလည်း တဖြည်းဖြည်း အေးခဲလို့လာနေပေါ့
အိပ်မောကျမသွားရဲလောက်အောင်ကို
ညက ရက်ရက်ရောရော အေးမြနေလိုက်တာလေ
တစ်ယောက်သော သူရဲ့ အိပ်မက်တွေကြားထဲ
လျှောက်သွား ...
ကျွန်တော် ဖျားနာနေပါတယ် မေမေ
ဘ၀ရဲ့ ဒဏ်ရာဆိုတာကို
တယုတယ ပိုးမွေးသလို မွေးမြူရင်းနဲ့ပဲ
ဟောဒီကောင့်ရင်ဘတ်ထဲမှာ အသားမာတွေကလည်း အထပ်ထပ်ပေါ့
မျက်ရည်တွေနဲ့ ခတ်တဲ့ လက်ခတ်သံမှာ
သံစဉ်ချိုချိုတွေချည်း မပါနိုင်ခဲ့ဘူး
ငါ့အိပ်ခန်းလေးဆီ လမ်းပြလှည့်ပါ
အိမ်နံ့သင်းတဲ့ အိပ်ခန်းကလေးမှာ
အချစ်ဆုံးသူ့ လက်ကလေးကို ဆုပ်ကိုင်ပြီး
ငြိမ်းချမ်းအိပ်စက်ချင်လို့ပါလေ
နီရဲ မို့အစ်နေတဲ့ ငါ့မျက်လုံးတွေအတွက်
ငါ အတ္တကြီးစွာ တောင်းဆိုပါရစေ ...
တေလေတစ်ယောက် လမ်းဘေးမှာ လမ်းဆက်လျှောက်နေပါတယ်။
ဘ၀ဆိုတာကို ခပ်ရိုင်းရိုင်း ခပ်မှုန်မှုန် ဆဲဆိုပြီးမှပဲ ခြေဦးတည့်ရာ ထွက်ခဲ့ပေါ့။
တစ်နေ့နေ့တော့ ချစ်သူ့ရင်ခွင်ဆီ ရောက်ပါလိမ့်မယ်။
ကိုဖြိုး
The day will be coming in very soon time.
စိတ်သွားတိုင်း ကိုယ်မပါတဲ့ဘ၀ထဲကို ငါတို့ ပြန်မလာကြတော့ဘူးနော်
အားမတန်ဘဲ မာန်တွေကိုလည်း ထပ်တလဲလဲ မလျှော့တော့ပါဘူး
ပျော့တွဲနေတဲ့ လက်တွေဖြစ်နေစေဦးတော့
ငါတို့ ဆက်တွဲ "မြဲ" ကြမယ်လေ
It is not only your wish, it is her wish too.
ငါ့အိပ်ခန်းလေးဆီ လမ်းပြလှည့်ပါ
အိမ်နံ့သင်းတဲ့ အိပ်ခန်းကလေးမှာ
အချစ်ဆုံးသူ့ လက်ကလေးကို ဆုပ်ကိုင်ပြီး
ငြိမ်းချမ်းအိပ်စက်ချင်လို့ပါလေ
နီရဲ မို့အစ်နေတဲ့ ငါ့မျက်လုံးတွေအတွက်
ငါ အတ္တကြီးစွာ တောင်းဆိုပါရစေ ...
You do not have to request. You had already gotten what you want and need.
တစ်နေ့နေ့တော့ ချစ်သူ့ရင်ခွင်ဆီ ရောက်ပါလိမ့်မယ်။
That's wrong. She will be reaching soon to you. It's not you will be reaching to her.