ပေရေကာ ရှုပ်ပွနေဦးတော့
မိုးယိုကာ လေတိုးစေဦးတော့
ကျောခင်းတစ်နေရာအတွက်
ရင်တွင်းလုံလုံနဲ့
နေလို့ရတဲ့အိမ်
ရှာဖွေ သိမ်းဆည်းသိုမှီးရာအိမ်
အထီးကျန်နဲ့ အမကျန်တို့ နေထိုင်နားခိုရာအိမ်
လမ်းမီးဝါ၀ါရိပ်မိုး
ကျွန်တော့်ကို တီးတိုးပြောသံကလေးကြားလိုက်မိ
သြော် ... အိမ်အပြန်မှာ
ကြိုလင့်နေမယ့် လက်တစ်စုံရှိလို့နေပေါ့ကွယ်
နီယွန်မီးရောင်တွေကြား သွားရစေဦးတော့
ကျွန်တော့်အနားမှာ သူ့ကို ငဲ့ငဲ့ကြည့်လို့ရနေပေါ့
ကိုဖြိုး
(၁၅.၉.၂၀၀၈)
တယ်ဟုတ်ပါလား အိမ်လေးတစ်လုံးရပြီလားကွ ရင်တွင်းလုံလုံ စာနာမှုအစုံနဲ့ ဘ၀တစ်ခုလုံးကမ်းလှမ်းသွားနိုင်ပါစေသူငယ်ချင်း ငါလည်း အိမ်ကလေးတစ်လုံးတော့ လိုချင်သား ဘ၀ပေးအရတော့ ပေတေနေရတုန်းပေါ့ သူငယ်ချင်းရေ