• Home
  • Posts RSS
  • Comments RSS
  • My Photography
Blue Orange Green Pink Purple

ကိုဖြိုး၏

စည်းအပြင်ကလူ

စိတ်ကွဲသံ

စိတ်ကို လွှတ်ချလိုက်တော့ “ခွမ်း” ခနဲ မြည်ပြီးကွဲသွားတယ်
သတိထားကြလေ ... ထိလွယ်ရှလွယ်တွေ ဖြစ်နေလိမ့်မယ်
ကိုယ့်ဘ၀ကို ကိုယ်သာယာကျေနပ်နေဖို့ ဘာအကြောင်းပြချက်တွေ
ပေး ... ပေး ... နေရမှာလဲ ... ပြော ... ပြော ... ပြောကြည့်ကြ
တစ်သက်လုံး တစ်ဘ၀လုံး ... အတူတူနေသွားကြမယ့် သူငယ်ချင်းတွေရှိတယ်တဲ့
ငါ မထင်ပါဘူး ... တစ်သက်လုံး တစ်ဘ၀လုံး ခိုင်းစားမယ်ဆိုတဲ့ သူတွေပဲဖြစ်မယ်
ခင်မင်ရင်းစွဲပါပဲ ... မြင်မြင်ချင်းကတည်းကကို “သောက်မြင်ကတ်တယ်”
ငါက အရှက်လည်းနည်း အဖတ်လည်း လုပ်ဖို့ မတန်တဲ့ကောင်လေ
အဆင့်အတန်းတစ်ခုကို ထားပြီးမှ စကားပြောမယ့်သူတွေကို ...
ငါ့အနားကနေ ဆွဲခေါ်ကာသွားလိုက်ကြ ...
ကြာလာရင် နားရင်းထအုပ်မိမယ် ...
ထပ်ပြောပြလိုက်ပါ့မယ် ... သိပ်ကို သိချင်နေသူတွေအတွက်ပေါ့
ငါက ဘာကောင်မှ မဟုတ်ပါဘူး ...
အနည်းဆုံးတော့ ဘာကောင်ပါဆိုတဲ့ ဘောင်ထဲက လူတွေထက်တော့ လွတ်လပ်တယ်
လောက လူ့ဘောင်စည်းကမ်းကို ချိုးရိုက်ခွဲ
ကြမ်းပြင်ထက်မှာလည်း စိတ်ဓါတ်တွေချည်းပဲ ကျကျကွဲသံတွေ ကြားနေရ
သိပ်ကို အောက်တန်းကျတယ်ပြောလိုက်ရင် အလိုလိုနေရင်းနဲ့ပဲ အထက်တန်းရောက်သွားဦးမယ်
ထားလိုက်ပါကွယ် ... ထားလိုက်ပါ ...
ငါးခုံးမတစ်ကောင်နဲ့ တစ်လှေလုံးအပုပ်မခံတော့ဘူး ...
ငါ့ လမ်းကို ငါ့လက်ဆွဲမယ့်သူနဲ့ပဲ ဆက်သွားမယ် ...
ဆက်သွားမယ် ... ဆက်သွားမယ် ...
လာလာလေ လိုက်ခဲ့တော့ကွယ် ...

ကိုဖြိုး
Read More 1 Comment | | edit post

iPhone 3G and Me



iPhone 3G တဲ့ဗျာ ...
Apple ကတော့ ထုံးစံအတိုင်းပါပဲ။ လူတွေကို ဘယ်လိုကိုင်လှုပ်ရမလဲ။ လူတွေရဲ့ စိတ်ဝင်စားမှုတွေကို ဘယ်လို သိမ်းကျုံးယူရမလဲ။ ဒါပဲစဉ်းစားနေတယ်။ လူထဲက လူတစ်ယောက်ပဲမို့ ကျွန်တော့်လက်ထဲကို iPhone 3G ကလေးရောက်လာတယ်။

လူတကာ တမေးထဲ မေးနေကြတဲ့ မေးခွန်းက တစ်ခုတည်း iPhone 3G က ဘာတွေပိုထူးလာလဲ? လူတကာပါးစပ်ဖျားမှာ ရေပန်းစားနေတာကလည်း တစ်ခုတည်း iPhone 3G။

အရင်ဆုံး ပြောပြချင်တာက ဘာတွေပိုထူးလာလဲ သိချင်ရင်တော့ ဒီမှာသွားကြည့်လို့ရပါတယ်။ ဒါဟာ iPhone ရိုးရိုးကနေ 3G ကို ဖြစ်လာချိန်မှာ ပိုပြီးသစ်လွင်လာတဲ့ နည်းပညာတွေကိုဖော်ပြထားတာပါ။ 3G နည်းပညာအရ အင်တာနက်အသုံးပြုမှုတွေ အီးမေးလ်အသုံးပြုမှုတွေမှာ iPhone ဟာ ပိုမိုမြန်ဆန်လာပါတယ်။ Apple ရဲ့ အဆိုအရတော့ Go Anywhere လို့ ဆိုပါတယ်။ ဒါပေမယ့် နေရာတိုင်းတော့ 3G အသုံးမပြုနိုင်သေးပါဘူး။ တစ်ခု သတိထားရမှာက 3G ကို အသုံးပြုရင် ဖုန်းရဲ့ ဘတ်ထရီသက်တမ်းကို ပိုမိုလျှင်မြန်စွာ လျော့ကျစေမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ iPhone in Enterprise ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပိုပြီး အသုံးတည့်စေမှာ ဖြစ်ပါတယ်။ ဒါလေးတော့ ရှိဖို့လိုမှာပေါ့နော်။

နောက်တစ်ခုက Maps with GPS ဖြစ်ပါတယ်။ ဘယ်နေရာကို ရောက်နေနေ အလွယ်တကူ ကြည့်ရမြင်ရအောင် ဖန်တီးပေးထားပါတယ်။

နောက်တစ်ခုကတော့ App Store ပေါ့။ ထောင်ပေါင်းများစွာသော Application တွေကို ၀ယ်ယူရရှိနိုင်ပါတယ်။ အဲလိုပဲ အလကားရတာတွေကလည်း မနည်းမနောပေါ့။

တခြားတခြားသော ဖုန်းတစ်လုံးမှာ ပါနေကြ အရည်အသွေးတွေကလည်း အတော်လေးကို ပြည့်စုံပါတယ်။

သုံးစွဲကြည့်တဲ့အခါမှ အဆင်မပြေတာလေးတွေကို ပြောပြသွားပါ့မယ်။ ပုံမှန် အနေအထားမှာ Message တွေကို Fordward လုပ်လို့မရဘူး။ ဗီဒီယိုရိုက်လို့မရဘူး။ RingTone တွေကို စိတ်တိုင်းကျ ပြောင်းလို့မရဘူး။ ကိုယ်ထပ်ထည့်ချင်တာတွေအတွက် အခက်အခဲရှိတယ်။ အသံတဖြည်းဖြည်း ကျယ်လာတာမျိုး မရှိဘူး။ Build In Speaker က အသံနည်းနည်းတိုးတယ်။ ဒါပေမယ့် JailBreak လုပ်လိုက်ရင်တော့ Message Forward တို့၊ Video ရိုက်တာတို့၊ Ring Tone ဖန်တီးတာတို့က ရနိုင်ပါတယ်။ JailBreak လုပ်ချင်သပဆိုရင်တော့ ဒီမှာ သွားရှာဖတ်လို့ရပါတယ်။

iPod ကလေးကတော့ ပြောစရာမလိုအောင်ကို အပြစ်ကင်းလွန်းပါတယ်။

တစ်ခုပါပဲ။ Apple ရဲ့ Version Update တွေကို စောင့်နိုင်မယ်ဆိုရင်တော့ သူ့အလိုလိုသူလည်း ရလာနိုင်ပါတယ်။ iPhone ရဲ့ အားသာချက်တစ်ခုကတော့ ဖုန်းတစ်ခုခုဖြစ်ပြီဆိုရင် ဆိုင်တွေ ဘာတွေ ပြေးဖို့မလိုပါဘူး။ အင်တာနက်ရှိရုံ iTunes ရှိရုံနဲ့ Restore ပြန်လုပ်လို့ရပါတယ်။ အိုင်ဖုန်းအသုံးပြုသူတွေအတွက် သိထားသင့်တဲ့ အချက်တစ်ခုကတော့ တစ်ခါတရံမှာ ဖုန်း ကြောင်သလိုဖြစ်သွားရင် Power Button နဲ့ Home Key ကို တပြိုင်နက်တည်း ဆယ်စက္ကန့်လောက် နှိပ်ပြီး Restart လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။ အခုတော့ သနားစရာ iPhone 3G လေးကို ထပ်ကလိလိုက်ပါဦးမယ်။

ကိုဖြိုး
Read More 0 comments | | edit post

မွေးရပ်မြေ

မွေးရပ်မြေမှာ အမေရှိတယ် ပြီးတော့ အဖေရှိတယ်
ငါ ကျဆုံးလဲလျောင်းရာ အရာတွေရှိတယ်
အသွားအပြန်မှ မဟုတ်ပါဘူး
အလျားအနံမှာလည်း သူ့အထွာနဲ့သူ သူ့အတာနဲ့သူ
ဘာတွေညာတွေ ရှင်းပြနေဖို့မှ မလိုတော့တာ
မြင်တာအားလုံးမှန်တယ် ...

ဘယ်အကောင်မှ အဖတ်မလုပ်တဲ့ ခန္ဒာစုတ်နဲ့လူ
အရှက်လည်း မဲ့၊ မျက်နှာလည်း ပြောင်
ယောင်လို့တောင် လာမခေါ်ကြေး ...

တစ်ဘ၀စာ အမှန်တစ်ခုအတွက်
တစ်ဘ၀စာ အမှားတွေကို လဲပစ်ခဲ့မိတယ် ...
ဒါဟာ ထပ်မှားပြန်တာလား ...
“သွား” စမ်းပါ ... မှားတယ်ဆိုဦးတော့ ...
ရင်ဘတ်ကို စည်တီး ဟီးဟီးဟားဟားတိုက်ပြီးပဲ နေလိုက်မယ်

ပုဆိုးကိုပိုက်ကာ စောင်ကိုပိုက်ကာ ... လိုက်ခဲ့ပါ့မယ် ...
မွေးမြေမှာ လူတွေနေမှ ငါ့ခြေတွေ ဦးလှည့်တော့မယ်
လူလိုလို လူတွေနေနေသရွေ့တော့
မျက်ရည်တွေနဲ့အတူတူ ကမ္ဘာကုန်ကျယ်သရွေ့ပေါ့

ကိုဖြိုး
Read More 0 comments | | edit post

The Start

ဘယ်လောက်မုန်းမုန်း ဘယ်လိုတွေစိတ်ပျက်ပျက်
သူက ကိုယ့်လက်ကလေးကိုင်မိလိုက်ရုံနဲ့
အရာအားလုံးမှာ မျက်ရည်စက်တွေ ဖြတ်ပြေးလို့သွား
ရယ်မောပျော်ရွှင်ဖွယ်တွေအတွက်
နံနက်ခင်းတွေ မလိုပါဘူး ...
တစ်နေ့တာ ဖြေရှင်းခြင်းတွေနဲ့
ဒီစာရင်းတွေကို ဆွဲဆုတ်ပစ်လိုက်ကြပေါ့ ...
ပြီးတော့လည်း ပြီးသွားတာပါပဲ ...

တစ်ရက် နှစ်ရက် သုံးလေးငါးရက်
တစ်လ နှစ်လ သုံးလေးငါးလ
နောက်ဆုံးပိတ်မှာ လွယ်မယ့်အိတ်က
စိတ်မပျက်ကြေးလေ

တစ်သံသရာလား
ရှည်လွန်းပါတယ် ...
ဒီတစ်ဘ၀ကိုပဲ စမ်းသပ်ပြီး ဖြတ်ကြပါစို့
ငါတို့ သွားကြည့်ပါစို့ ချစ်သူ ...
စသောသူတွေ နောက်မကျဘူးတဲ့လေ

ကိုဖြိုး
Read More 1 Comment | | edit post

ကဗျာမုန်းသူ

ဒါဟာ ကဗျာတဲ့လား
ကိုယ်က မင်းသားပေါ့
ကိုယ့်အိပ်မက် ဇါတ်ဝင်ခန်းတွေနဲ့ အတူတူကပြ
ဘာတစ်ခုမှ ငိုပွဲတွေ မပါကြေး
ကဗျာတွေနဲ့ ကိုယ်နဲ့အကြားမှာ
လျှပ်စစ်မျှင်တန်းတွေ ခြားတယ်
လူးလွန့်ကာ သွားလာလှုပ်ရှား
ဘ၀တွေက သိပ်ကိုများတယ်

ကဗျာထဲက မင်းသား
ကဗျာတွေ ဖတ်နေရင်းနဲ့ပဲ ကိုယ်က ဘ၀ကို
ဗီလိန်မပါဘဲ ဖြတ်သန်းကျော်လွှား
အို ... သိပ် သားနားနေပါလား

အချိန်တန် ကဗျာဆုံး
ဘုန်းခနဲ ပြုတ်ကျသွား
နှလုံးသားတွေရဲ့ ဆန္ဒမှာ
ကိုယ်ဟာ အိပ်မက်ကို ကဗျာစပ်ခဲ့သူပေါ့
ခုတော့လည်း ...
နာနာကျင်ကျင်နဲ့ ကဗျာတွေကို
ဖတ်နေရင်းနဲ့ မုန်း။

ကိုဖြိုး
Read More 0 comments | | edit post

အိပ်ငိုက်ခြင်း

လောကကို ဖြတ်တိုက်လာတဲ့လေနဲ့မှ
ကျွန်တော်က သွားဝင်တိုက်တယ်
အိပ်ငိုက်လိုက်တာ ...

အလိုက်မသိသူ့ တမ်းချင်းမှာ
လွမ်းဆွေးတမ်းတရခြင်းတွေပါတယ်
သိပါလျှက်ကယ် မြင်ပါလျှက်ကယ်နဲ့
မသိယောင် မမြင်ယောင်ပြု
ဟောဒီလောကကို မျက်ခွံတွေ လေးလံစွာ အံတုတယ်
ဘာကို မှုပြရမှာလဲ
ကိုယ့်စိတ်ထဲ ရှိတိုင်း ဆဲရဲဖို့က
နည်းနည်း သတ္တိကောင်းမှရတယ်
စကားကလည်း ချိုပါဦးမှ
ဆဲရာမရောက် စွဲစေရာရောက်တယ်
အခုတော့ နောက်ကျလွန်းပေါ့ကွယ်

အရာအားလုံးအတွက် အဆင်ပြေစေတာဆိုလို့
ငါတို့ မျက်ခွံတွေပဲရှိတယ်
မမြင်ယောင် မတွေ့ယောင်ဆောင်ဖို့
ခဏတာ နားနေဖို့
အိပ်ငိုက်လိုက်ကြပါစို့လေ ... ။

ကိုဖြိုး
Read More 0 comments | | edit post

အမှတ်တံဆိပ် တစ်ခုတပ်ပေးပါ

ဟောဒီကောင် လူဖြစ်ကြောင်း သက်သေထူဖို့ ...

အဆင့်အတန်းမြင့် လူတစ်ယောက်ဖြစ်ကြောင်း သက်သေထူဖို့ ...
ဘာတတ်ကြောင်း ညာတတ်ကြောင်း ...
ဘာတွေကို ဘယ်လိုလုပ်ခဲ့ကြောင်း ...
သက်သေတွေထူဖို့ ...
အမှတ်တံဆိပ်တစ်ခု တပ်ပေးပါ ...

ဈေးကောင်းကောင်းနဲ့ ရောင်းဝယ်ဖောက်ကားနိုင်စေဖို့ ...
လူတကာငေးမောအားကျနေစေဖို့ ...
ဒင်္ဂါးသံတစ်ချွင်ချွင်ပေး ခြေအေးဝမ်းရောင်စေဖို့ ...
ထီးဖြူပြီး ဖိနပ်ပါးစေဖို့ ...
သွားစရိတ်လာစရိတ်တွေ ကုန်စေကျစေဖို့ ...
မြင်မြင်ကရာ တွေ့တွေ့ကရာတွေ
သွားရည်တမြားမြားကျသွားစေဖို့ ...
ဟောဒီကောင့်ရင်ဘတ်ကို အမှတ်တံဆိပ်တပ်ပေးပါ ...

လူဖြစ်ကြောင်း သက်သေပြဖို့
ISO နိုင်းဘဲဥဘဲဥ ... လက်မှတ်ပြပေးပါ
Certified to ..... မှာ လက်မှတ်ထိုးပေးပါ
ဘာ Pass ညာ Pass တွေ ထုတ်ပေးပါ
ငါ လူလိုသူလိုနေနိုင်ပါလျှက်ကယ်နဲ့
လူနဲ့သူနဲ့ မတူသလိုဖြစ်ဖြစ်နေလို့ပါလေ

အဲဒီ သောက်သုံးမကျတဲ့ အမှတ်တံဆိပ်တွေကိုပဲ
လူဖြစ်ကြောင်း ထောက်ခံချက်ကလေးဖြစ်ဖြစ် တံဆိပ်တပ်ပေးကြပါတော့
ဟောဒီဘ၀ကို ဟောဒီကောင်က
စာရွက်စာတမ်း မပြနိုင်လွန်းလို့ပါလေ။

ကိုဖြိုး

Read More 0 comments | | edit post

စက်တင်ဘာ

စက်တင်ဘာမိုးက

ဘာအညှိုးမှလည်း မရှိပါဘဲ “ရွာ”
စက်တင်ဘာနေကလည်း
ဘာတန်ခိုးမှ မရှိပါဘဲ “ပြင်း”
ဟောဒီရင်ဘတ်ထဲမှာလေ “ခံပြင်း” နေလိုက်တာ
လူဖြစ်ရတာ “ရင်နာ” တယ်

ကိုဖြိုး

Read More 0 comments | | edit post

ကဗျာဆရာ၏ ရင်ကွဲခန်း

ကဗျာဆရာပေါ့

စကားလုံးတွေနဲ့အတူတူ
ဟောဒီလောကကို ရင်ကွဲနာကျနေလိုက်တာ
အရာအားလုံးထက်ပိုတဲ့ အရာတစ်ခုကို
သူတွေ့ရှိသွားခဲ့မိလို့တဲ့လေ
သိပ်ချစ်ဖို့ ကောင်းတာပဲလို့တောင်မှ
မရေရွတ်ရဲ မငြီးတွားရဲ
သိပ်သည်းစွာ သိမ်ငယ်နေမိပြန်ပေါ့

အရာအားလုံးထက်ပိုတဲ့ အရာတစ်ခု
အရာတစ်ခု .. ရင်ဘတ်အက်ကြောင်းအတုတွေနဲ့အတူ
မြင်မြင်ရာကို ပြုစုခဲ့တယ်
အခုတော့လည်း ခရာတာတာ ညုတုတုရယ်နဲ့
လူ့ဘ၀ကို အက္ခရာတွေသုံးပြီး တည်ဆောက်မိလိုက်တော့
ဗြုန်းဆို ပြုတ်ကျသွားခဲ့တာတွေက
ရင်ခုန်သံ အသံခုနှစ်ထပ်
ပြီးတော့လည်း မတ်နေအောင်ထရပ်
လဲကျခါနီးလက်က ထရပ်ခါနီးခြေထောက်ကို ဆွဲချတယ်
ငါ့မှာက တစ်ဝက်တစ်ပျက်တွေချည်းပါပဲ
အားလုံးကလည်း မပြီးဆုံးသေးပေါ့

ဘ၀ထဲမှာ
ငိုချင်းရှည်တွေချည်း ချပြရလွန်းတော့လည်း
မျက်လုံးတွေတောင် မို့အစ်လို့နေကြတယ်
ပြီးတော့လည်း ပြီးတာပါပဲကွယ်လို့
ပါးစပ်ကထုတ်ကာပြော
ရင်ထဲမှာ မောလိုက်တာကွယ်။

ကိုဖြိုး

Read More 0 comments | | edit post

ဖျားနာနေခြင်း

စက်တင်ဘာဟာ စက်တင်ဘာပါပဲ
အရင်နှစ်တွေတုန်းကအတိုင်းပဲ

မိုးတွေက မတော်တဆလိုလိုနဲ့ ရွာချ
ငါ့မှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလိုက်ရတာ

ပြီးတော့လည်း
အိပ်မောကျ ...
ချစ်သောသူကို လွမ်းရတဲ့ညက
တစ်ညလုံးလုံး စက်တင်ဘာအကြောင်းတွေကို စဉ်းစား
အရင်နှစ်တွေတုန်းကတည်းက ဖျားနာနေခဲ့တဲ့
နှလုံးသားတွေကို
ဘယ်သူတွေ စာနာနေကြပြီလဲ။


ကိုဖြိုး

Read More 0 comments | | edit post

မိုးနှောင်းပေါ်က စကားလုံးများ

ကျွန်တော်က တိမ်ကလေးပေါ့
ချစ်သူက မုတ်သုံလေကလေး ဖြစ်တယ်
ကျွန်တော့်မှာ လွင့်လိုက်ရတာ
ဒါဟာ အချစ်နဲ့ ကျွန်တော့်ရဲ့ ရာသီဥတုပေါ့

ကျွန်တော်က လူဆိုရင်
ချစ်သူက ကျွန်တော့်ဘ၀ကလေးပေါ့
ကျွန်တော်တို့နှစ်ယောက်က လူ့ဘ၀ဖြစ်တယ်

ကျွန်တော်က လမ်းပေါ်မှာ လွင့်လွင့်သွားတဲ့
ရွက်ကြွေကလေးလည်း ဖြစ်တယ်
ချစ်သူက အဲဒီရွက်ကြွေကလေးကိုမှ ဖြတ်နင်းသွားတယ်
ပြီးတော့လည်း ရယ်လိုက်မောလိုက်ပါပဲ
ကျွန်တော့်မှာသာ ခါးကျိုးပြီး ကျန်ရစ်ခဲ့ရ

ဘ၀ဆိုတာကို ရယ်စရာမောစရာလို့
သဘောထားခဲ့ပြီးကတည်းက ကျွန်တော့်မှာ
ရယ်ရတာထက် မောရတာက ပိုပိုများများနေပေါ့
ဒီတစ်ခါလည်း ထပ်မံရှူံးနိမ့်ပြန်ပေါ့
ထားလိုက်ပါဦးကွယ်
နားနားနေနေနေဖို့တောင် အချိန်တွေက မလုံမငနဲ့
ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ထနိုင်ဖို့
ကျွန်တော့်တောင်ဝှေးလေး ကျွန်တော်ပြန်ဖြစ်ရဦးမယ်

အဲဒီ မိုးနှောင်းရာသီရဲ့ တစ်နေ့မှာ
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာလို့ မတွေ့တော့ဘူး
ကျွန်တော့်ကိုယ် ကျွန်တော် ကျပျောက်သွားခဲ့
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကျွန်တော်တို့
အတူတကွ နေထိုင်နေကြရင်း
ချစ်သူကို တမ်းတလွမ်းဆွတ်နေမိပေါ့
လောကမှာ ဟန်လုပ်ပြီး ပြုံးပြနေရတာတွေက များလွန်းတော့
ပါးအညောင်းဖြေစက်ကလေးတစ်လုံး လိုမယ်

ဘာတစ်ခုမှ မသေချာတဲ့ဘ၀မှာ
ကိုယ့်သေနေ့ကို ကိုယ်ပြန်ရေးချလိုက်ရတာလောက်
သေချာနေတာ မရှိတော့ဘူး
အား … တယ်လည်း အရသာရှိသကိုးကွယ်
သူငယ်ချင်း …
“ငါ … ဒီနေ့ကို ရွေးချလိုက်တယ်”
အားရပါးရ … ။

ကိုဖြိုး
Read More 1 Comment | | edit post

ငါးခုံးမတွေနှင့်အတူ

ငါ့ကိုက မနေတတ် မထိုင်တတ်နဲ့
မာနကလည်း တစ်ခွဲသားတင်မဟုတ်
နှစ် .. သုံး .. လေး .. ငါး ခွဲသား ..
ပြီးတော့ စကားလည်း သောက်ကြီးသောက်ကျယ်ချည်းပဲ ပြောတတ်သူ
အနုပညာ ကိုယ်ခံအားကလည်း နေလေတော့
ခဏခဏဖျားတယ် …
လေတိုးသံ မခံနိုင်တဲ့ သစ်ရွက်တွေလို
ကိုယ့်ကိုယ်ကို ပြန်ပြန်မုန်းရတာလောက်
အရသာ ရှိတာ မရှိဘူး
သူငယ်ချင်းရေ … မင်း ချစ်တယ်ဆိုတဲ့ ကဗျာဆရာက
လူတကာလို မလိမ်မညာတတ်ပါဘူး
ဒါပေမယ့် လူသူတော်ကောင်းတွေထက်တော့ အများကြီး ညစ်ပတ်တယ်
အများကြီး ယုတ်မာတယ် …
ဟန်ဆောင်ပန်ဆောင် မာတိကာတွေ ဆွဲဆွဲချပြပြီးကာမှ
ဘာစာတစ်ပိုဒ်မှ ပါမလာတဲ့ စာအုပ်တွေလို
ငါ့ဘ၀ကို ငါမနေတော့ဘူးလေ …

ငါကတော့ ခပ်ယုတ်ယုတ်ပါပဲ
မကျေနပ်ရင် အော်ဆဲဖို့ကိုချည်း အားယူယူနေမိတယ်
မင်းကော … ကျေနပ်ပါတယ်လို့ ပြုံးပြီး ပြောချင်သေးတာလား
ဒီမယ် သူငယ်ချင်း ငါ့ဘ၀ကို ငါအရင်းအတိုင်းပဲ နေခဲ့တယ်
စာတစ်မျက်နှာအတွက်နဲ့တော့ ကိုယ့်စာလုံးကိုယ်ပြန်ပေါင်းမနေတော့ပါဘူး

ငါတို့အားလုံး အရူးတွေချည်းပါပဲလေ။

ကိုဖြိုး
Read More 0 comments | | edit post
Newer Posts Home

L'etranger

  • About
      မေမေရေ ... သားလည်လည်သွားဦးမယ် ... ဆိုပြီးတော့ ဟောဒီကမ္ဘာထဲကို အလည်ထွက်ခဲ့သူ ...
  • Labels

    • Story (6)
    • Talk (8)
    • Tech (7)
    • ကဗျာ (51)

    Blog Archive

    • ► 2009 (29)
      • ► October (1)
      • ► September (2)
      • ► July (2)
      • ► June (3)
      • ► May (8)
      • ► April (4)
      • ► March (6)
      • ► February (2)
      • ► January (1)
    • ▼ 2008 (45)
      • ► December (7)
      • ► November (10)
      • ► October (16)
      • ▼ September (12)
        • စိတ်ကွဲသံ
        • iPhone 3G and Me
        • မွေးရပ်မြေ
        • The Start
        • ကဗျာမုန်းသူ
        • အိပ်ငိုက်ခြင်း
        • အမှတ်တံဆိပ် တစ်ခုတပ်ပေးပါ
        • စက်တင်ဘာ
        • ကဗျာဆရာ၏ ရင်ကွဲခန်း
        • ဖျားနာနေခြင်း
        • မိုးနှောင်းပေါ်က စကားလုံးများ
        • ငါးခုံးမတွေနှင့်အတူ

    Followers

    My Blog List

    • အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ
      ကိုယ့်ရဲ့နံနက်ခင်း - လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အ...
      7 years ago
    • My Burmese Blog
      Hello world! - Welcome to WordPress. This is your first post. Edit or delete it, then start writing!
      8 years ago
    • MANORHARY
      အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က - ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့် ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ....
      9 years ago
    • ခင်မင်းဇော်
      ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ - အရာရာက မှောင်မိုက်လို့။ အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။ ဘာအလင်းမှုန်မှ မရှိ ။ ပကတိမှောင်မိုက်နေကြတယ်။ အဲ့မှောင်မိုက်မှုထဲ တယောက်လက်ကို တယောက်ဆွဲ ကြိုးစားကြ ...
      9 years ago
    • Tar Yar Minn Wai
      ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) - +ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်...
      14 years ago
    • NyAlAy
      အမှားပြင်ခြင်း - ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မ...
      15 years ago
    • ကိုရုပ်ဆိုး ရဲ့ ဒိုင်ယာရီ
      “THE CRADLE TO THE GRAVE” - အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။ ...
      15 years ago
    • Just Sharing What I Know
      Windows Vista Aero Vs. Linux Ubuntu Beryl - Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အာ...
      16 years ago
    • Nine Nine SaNay
      -
    • Moon Thet Pan
      -
    • မိုးလှိုင်ည
      -

    My Links

    • သဲအင်းဂူ
    • သန့်တည်ပွား
    • Dhamma Download
    • ပေါ်ပြူလာ
    • ဈေးကွက်ဂျာနယ်
    • သံလွင်အိပ်မက်
    • First Eleven
    • Myanmar Ebooks
    • iPhone's Applications
    • EOS Magazine
    • Digital Dream
    • Canon

    C-Box

  • Search






    • Home
    • Posts RSS
    • Comments RSS
    • Edit

    © Copyright L'etranger. All rights reserved.
    Designed by FTL Wordpress Themes | Bloggerized by FalconHive.com
    brought to you by Smashing Magazine

    Back to Top