• Home
  • Posts RSS
  • Comments RSS
  • My Photography
Blue Orange Green Pink Purple

ကိုဖြိုး၏

စည်းအပြင်ကလူ

မောင်မတရားဘူး

ပြောပြန်ရင်လည်း ကြွားတယ်လို့ ထင်ချင်ထင်ကြဦးမယ်။ ဒါမှ မဟုတ်လည်း ပိုပါရန်ကောဆိုပြီး မဲ့ကြရွဲ့ကြဦးမယ်။ ကျွန်တော်ဆိုတဲ့ကောင်ကလည်း မပြောဘဲမနေတတ်တော့ ပြောရဦးမယ်။ အခုလို ညနက်နက်တွေမှာ ကွန်ပျူတာရှေ့ ငုတ်တုပ်ထိုင်ပြီး ရီဝေနေအောင် မူးနေတဲ့ ခေါင်းကို ဆန့်ကျင်၊ မအိပ်ဘဲ စာထိုင်ထိုင်ရေးဖြစ်ခဲ့တာ ကြာလှပေါ့။ ဒါဟာ အခွင့်အရေးတစ်ခုကို တမင်စောင့်ချောင်းနေခဲ့တာလည်း ဖြစ်ချင်ဖြစ်ခဲ့မှာပေါ့လေ။ သူအိပ်ပျော်နေတဲ့အခါ သူ့မျက်နှာလေးကို အသာအယာ ငုံ့မိုးပြီး ကြည့်ခွင့်ရလိမ့်မယ်လို့ ဖြစ်လာမယ် မထင်သည့်တိုင်အောင် မျှော်လင့်ခဲ့မိဖူးပါရဲ့။ သူယုံမှ ယုံပါ့မလားလို့ ခဏခဏဆိုသလိုပဲ သူ့ကို သိပ်ချစ်တာပဲရယ်လို့လည်း ပြောနေမိတယ်။ စူးစူးနစ်နစ်သိထားသည့်တိုင် မယုံသလို ယုံသလို ဟန်ဆောင်ပြီးမှ ထပ်တလဲလဲ မေးနေမိတဲ့ အရသာကိုလည်း တွယ်တာစွဲမက်နေမိပြန်ပေါ့။

လောကမှာ အချစ်ဆိုတာပေါ်ပေါက်လာတော့ လူတွေမှာ အလုပ်တွေကို ရှုပ်သထက်ပိုပိုရှုပ်လာရတယ်။ အချစ်ဦးရတာနဲ့ အချစ်လယ်ရတာနဲ့ အချစ်ဆုံးရတာနဲ့။ စုံနေအောင်စိဆိုသလိုပါပဲ။ ငယ်ကချစ် အနှစ်တရာ မမေ့သာဆိုတဲ့ စကားလောက် မခံချိမခံသာ ဖြစ်စေတာ မရှိဘူးထင်တာပါပဲ။ အဲလိုပြောရကြေးဆိုရင် ရင်ခုန်ရစ်မူး ရူးမိုက်တွယ်တာမိခဲ့ဖူးတာ မှန်သမျှ မမေ့စရာတွေချည်း ဖြစ်နေတော့မှာပေါ့။ ဒီနေရာမှာ သူပြောဖူးတဲ့ စကားလေးတစ်ခွန်းကို (သိပ်တော်တာပဲလို့ တိတ်တဆိတ် မှတ်ချက်ပြုခဲ့ဖူးတဲ့) ပြန်ကိုးကားချင်ပါတယ်။ လူပဲ ဦးနှောက်ရှိနေတော့ မေ့မသွားဘူးပေါ့။ ဒါပေမယ့် တမ်းတမ်းတတကြီး တစ်ချိန်လုံး လွမ်းဆွေးနေတာမှ မဟုတ်တာ။ ပြန်စဉ်းစားရင်တော့ ပြန်ပေါ်လာတာပေါ့။ ဒါပေမယ့် အဲအတွက် ဘာမှ ထူးထူးခြားခြား ခံစားရတာမျိုးမရှိဘူးလေတဲ့။ ကဲ။ ဘယ့်နှယ့်ရှိစ။

သူကော ကျွန်တော်ပါ အချစ်ဦးတွေအဖြစ်နဲ့ ဆုံတွေ့ခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ဆုံးတွေအဖြစ်နဲ့တော့ လက်တွဲခွင့်ရခဲ့တယ်။ ထူးခြားတာက သူ့ရဲ့ စိတ်ပဲ။ သူက ကျွန်တော့်ကို မမြင်ဖူးခင်ကတည်းက သဘောထားကြီးစွာနဲ့ နားလည်ခဲ့သူလေ။ ကျွန်တော့်စိတ်ကလည်း ထူးခြားတာပါပဲ။ ကျွန်တော်က သူ့ကို မမြင်ဖူးခင်ကတည်းက မနာလို အူတိုနေတတ်တာကလား။
လှတယ်ဆိုတာကို သိနေပေမယ့် ဘယ်လိုလှတယ်ဆိုတာကို မရှင်းပြတတ်တာမျိုးကို ကြုံဖူးပါသလား။ ကျွန်တော်ကတော့ မကြာခဏဆိုသလိုပဲ ကြုံရတယ်။ သူ့ရဲ့ စိတ်က သိပ်ကိုလှတာပဲ။ ဘာနဲ့တူသလဲဆိုတော့ မိုးရွာပြီးကာစ ကောင်းကင်လိုပဲ။ ကြည်လင်နေတယ်။ သူက ကြောက်လည်း ကြောက်တတ်ရှာသေးရဲ့။ အားတုန့်အားနာကလည်း မကြာခဏဆိုသလိုဖြစ်တတ်သေးရဲ့။ သူ့အပေါ် မကောင်းတာတောင်မှ သိပ်မပြောထုတ်ရှာရဲသူလေ။ ကျိတ်မှိတ်ခံစားတတ်တာ သူ့သဘာဝလိုဖြစ်နေပြီထင်ပါရဲ့။ ကျွန်တော် သူ့အချစ်ကို ရခဲ့တာ ကျွန်တော် သိပ်ကံကောင်းလွန်းလို့ပဲ ပြောချင်တယ်။ ဟုတ်တယ်လေ။ ကျွန်တော့်လို မသိဆိုးရွားကောင်မှာ အဲဒီလို ဆုလာဘ်မျိုး ရှိနေတာဟာ အံ့သြစရာပါပဲ။

သူက ကျွန်တော့်ကို သူ့ရဲ့ အရိပ်ကလေးလိုပဲ တကြည့်ကြည့်နဲ့ နေရှာတယ်။ ကျွန်တော် မျက်နှာမကောင်းဘူးဆိုရင် သူပါ အလိုလိုနေရင်း မျက်နှာ မကောင်းတော့ဘူး။ ကျွန်တော်စိတ်တွေဆိုးပြီး ဒေါသတွေ တအားထွက်နေပြီဆိုရင် သူ့ခမြာနေစရာတောင် မရှိတော့လောက်အောင်ပဲ။ အသံတိတ်ဆိတ်ပြီး ကျွန်တော့်ရဲ့ အရိပ်အခြေကိုပဲ တွေဝေနေတဲ့ သူ့မျက်လုံးတွေနဲ့ အကဲခတ်နေတတ်တယ်။

သူ့ရဲ့ အရိုးခံ ဗီဇစိတ်ကြောင့် ကျွန်တော်နဲ့ သူဆုံတွေ့ခဲ့တယ်။ အဲဒါဟာ ဂုဏ်ယူလောက်စရာ ကိစ္စပါပဲ။ ဒါပေမယ့် လူတိုင်းအပေါ်ကို အဲလိုပဲ သူသဘောထားနေတတ်လွန်းတော့ လောဘကြီးတဲ့ ကျွန်တော့်အတွက်က မခံချင်စရာ ကိစ္စတစ်ခုလိုဖြစ်လာတယ်။ အဲဒီတော့ အကြောင်းမရှိ အကြောင်းရှာရှာပြီး သူ့ကို ရစ်နေမိတယ်။ ဘာမှ ပြန်ပြင်ယူလို့မရတဲ့ အတိတ်တွေကို ပြန်ပြန်တူးဆွပြီး သူ့ကို မခံချင်အောင် စနေမိတတ်တယ်။ သူကတော့ စိတ်မကောင်းတွေဖြစ်လို့။ အဲလိုတွေဖြစ်လာရင် ကျွန်တော်သူ့ကို သိပ်သနားပြီး သိပ်ချစ်တာပါပဲ။ သူ့မျက်နှာလေးကို ရင်ခွင်ထဲယူ ဖွက်ထားလိုက်ချင်တယ်။

သူက ကျွန်တော်မကြိုက်တာတွေကိုလည်း မကြာခဏဆိုသလို လုပ်လုပ်မိတတ်သေးတယ်။ တသက်လုံးစွဲလာတဲ့ အစွဲကို သူကိုယ်တိုင်လည်း စိတ်ပျက်နေပုံပါပဲ။ အဲလိုတွေ ကျွန်တော်မကြိုက်တာတွေ လုပ်မိပြီးရင် ကိုယ်က တုံးတယ်ကွဆိုပြီးတော့လည်း ခဏခဏ ပြောတတ်သေးတယ်။ ဟုတ်ပါရဲ့ကွယ်။ တုံးလိုက်တာ အလို့လို့ ကျွန်တော်က မပြောဖြစ်လိုက်ပါဘူး။ သူ့ကို သိပ်ချစ်တဲ့ ကျွန်တော်က သူအဲလို ပြောတဲ့အခါတိုင်း ပိုပိုတိုးတိုးပြီး ချစ်မိတာကိုး။

ပြောရင်လည်း ခင်ဗျားတို့ ယုံချင်မှ ယုံကြဦးမယ်။ ကျွန်တော် သိပ်ကံကောင်းတယ်။ သူက ကျွန်တော့်အတွက်ဆို အစစအရာရာ လိုလေသေးမရှိစေရဘူး။ ကျွန်တော်က အခန့်သားမနေချင်လို့ ၀င်ဝင်ပါရင်တောင် သွားသွားသွားဆိုပြီး နှင်ထုတ်တတ်သေးတယ်။ ကျွန်တော့်အတွက် အဆင်သင့်ဖြစ်နေအောင် မလုပ်ထားပေးရရင် အပြစ်ရှိနေတဲ့ သူတစ်ယောက်လို သူခံစားနေရပုံပါပဲ။ ကျွန်တော်ကတော့ သူ့အတွက် အဆင်သင့်ဖြစ်နေအောင် မလုပ်ထားပေးရရင် ကိုယ့်ကိုယ်ကို စိတ်တိုနေတတ်တယ်။ ငါချစ်တာ သူသိမှ သိပါ့မလားလို့လည်း စိတ်ပူနေမိတတ်သေးတာကိုး။

ပေါပေါများများ မရှိလှဘူးဆိုပေမယ့်လည်း အထိုက်အလျောက်တော့ ကျွန်တော်တို့ ဘ၀ကလေးဟာ သာယာနေတာပါပဲ။ အဆင်ပြေသာယာနေတာတွေက များလွန်းတော့ ပြဿနာကို မီးခွက်ထွန်းပြီးတောင် ရှာယူရတယ်။ ဒါမှလည်း ကတောက်ကဆလေးဘာလေးဖြစ်ပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လုပ်လို့ရမှာကိုး။ အဲလိုအချိန်တိုင်းမှာ သူကျွန်တော့်ကို တအားချစ်တာပဲလို့ တွေးမိပြီး စပ်ဖြီးဖြီးကြီးဖြစ်ဖြစ်သွားတတ်တာ ကိုယ့်ကိုယ်ကို ပြန်ပြန်သိနေတတ်ပြန်တယ်။
သူ့ရဲ့ အလှက ထူးခြားတယ်လို့ ဆိုရမယ်။ စိတ်လှတော့ အလိုလို ရုပ်ပါလှလာတယ်။ သာမန်ကြည့်လိုက်ရင်တော့ သာမန်ပါပဲ။ ဘာထူးခြားတယ် ညာထူးခြားတယ်ဆိုပြီး ထွေထွေထူးထူး ပြောစရာမရှိသူပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူနဲ့ အနေကြာလာလေလေ ပိုသိလာလေလေပါပဲ။ သူ့မျက်နှာလေးက အရမ်းကို အေးချမ်းတာပဲ။ ထိုင်ကြည့်နေလေလေ ပိုလှလှလာလေဆိုတာမျိုးပေါ့။ ကျွန်တော့်အတွက်ကတော့ ညည သူအိပ်မောကျနေရင် သူ့မျက်နှာလေးကို ငုံ့ကိုင်းကြည့်ပြီး … မောင်မတရားဘူးကွယ်လို့ တိတ်တခိုး ၀န်ခံနေရတာဟာ အလုပ်တစ်ခုလို ဖြစ်လာတယ်။

သူက ကျွန်တော့်ကို အိပ်ရေး၀၀ အိပ်စေချင်သူ။ အစားမှန်မှန်စားစေချင်သူ။ ကျွန်တော် ကျန်းမာရေး ထိခိုက်မှာ တအားစိုးရိမ်ရှာသူ။ ကျွန်တော်က ပေပေတေတေကောင်။ နေမကောင်းလို့တောင် ဆေးမှန်အောင် သောက်ချင်သူ မဟုတ်ဘူး။ ထူးထူးခြားခြားပါပဲ။ အခုတလော ကျွန်တော် အတော်ကလေးကို ချူခြာနေတယ်။ အခုမှပဲ တသက်လုံးတစ်ခါမှ မဖြစ်ဖူးတဲ့ ခံစားချက်တစ်ခုကဖြစ်လာတယ်။ နောက်ဆို ကျွန်တော် ဒိထက်ပိုပြီး ကျန်းမာနေမှဖြစ်မယ်။ တော်ကြာနေ သူပြုစုယုယတာကို မခံစားရဘဲနေဦးမယ်။ အား … ကြောက်စရာကြီး။ မတော်တဆ ကျွန်တော်သာ တစ်ခုခုဖြစ်သွားခဲ့ရင် … မဖြစ်ဘူး။ မဖြစ်ဘူး။ အဲဆုံးဖြတ်ချက်ကလေးကို သူလည်း တအားဝမ်းသာရှာလိမ့်မယ်။ ဒါပေမယ့် အိပ်မောကျနေတဲ့ သူ့ကို မနှောင့်ယှက်ချင်တာကြောင့် ထ ထ ဆိုပြီး အတင်းနှိုးမပြောတော့ပါဘူး။ ထုံးစံအတိုင်းပေါ့။ သူ့မျက်နှာကလေးကို ငုံ့ကိုင်းကြည့်ရင်း ပြောပြလိုက်မိတယ်။ နောက်ပြီး သူ့နှဖူးကလေးကိုလည်း ဖွဖွကလေး နမ်းမိသေးတယ်။

ထပ်ပြောဖြစ်လိုက်ပါရဲ့ … မောင်မတရားဘူး။ ကိုယ်လုပ်ချင်ရာ ကိုယ်စွတ်လုပ်တတ်တဲ့အကျင့်မှာ ကောင်းတာဆိုလို့ သူ့အချစ်ကို အတင်းအကြပ်တောင်းမိခဲ့တာပဲ ရှိလိမ့်မယ်။ စိတ်မဆိုးပါနဲ့ကွယ်။ အဲဒီ မတရားလုပ်တတ်တဲ့ ကောင်လေးမှာ ရင်နဲ့အမျှ စကားတွေကလည်း တင်းကြမ်းခံလို့နေပေါ့လေ။

ကိုဖြိုး
Read More 0 comments | | edit post

ကိုဖြိုး လူဝါးဝတယ်

ဒီရက်ပိုင်း ပျင်းပျင်းရှိတာနဲ့ စာအုပ်တစ်အုပ်ကို စိမ်ပြေနပြေထိုင်ဖတ်နေမိပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာ့ဆရာကြီး ဦးသာဓုရေးတဲ့ သာဓုလူဝါးဝတယ်ဆိုတဲ့ စာအုပ်ပေါ့။ ဘာလို့ ဆရာ့ဆရာကြီးလို့ ပြောလဲဆိုတာကို နည်းနည်း စကားရှည်ကြည့်ပါရစေ။ ဦးသာဓုမွေးတဲ့ သား ကိုမင်းလူတို့ ကိုသုမောင်တို့ရဲ့ စာတွေကို ဖတ်မှတ် အတုယူပြီး ကြီးပြင်းရင့်သန်လာရတဲ့ ကျွန်တော့်ရဲ့ အနုပညာမျိုးစေ့ကလေးအတွက်တော့ ဦးသာဓုကို ဆရာ့ဆရာကြီးရယ်လို့ သုံးနှုန်းသင့်လှပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း အတော်လေး လူဝါးဝခဲ့တာတွေ ရှိဖူးလေတော့ သူ့စာအုပ်ကိုဖတ်ရင်း ပြုံးလိုက်ရယ်လိုက်နဲ့ တစ်ယောက်တည်း ရူးနေသလိုတောင် ထင်ရတယ်။

စာလည်း မရေးဖြစ်တာကြာပြီမို့ စာရေးချင်စိတ်ကလေးကလည်း ပြင်းပြလာ။ လတ်တလော ဖတ်နေတဲ့စာအုပ်ကိုလည်း ဂုဏ်ပြုချင်တာကြောင့် ဦးသာဓုလိုပဲ ကျွန်တော်လည်း လူဝါးဝခဲ့တာလေးတွေထဲက တစ်ခုကို ပြောပြချင်ပါတယ်။

ကျွန်တော်ငယ်ငယ်ကပေါ့။ အသက်က တစ်ဆယ်ကျော်ကျော်ကလေးမှာ (ကလေးအရွယ်သာသာမှာ) အတော်လေးကို လူဝါးဝခဲ့ဖူးသဗျ။ ကိုဖြိုးရဲ့ ဦးလေးအကြီးတစ်ယောက် မင်္ဂလာဆောင်တော့ နယ်ဒေသတို့ရဲ့ ထုံးစံအတိုင်း မင်္ဂလာခန်းမမှာ စက္ကူရောင်စုံကြိုးလိပ်ကလေးတွေ ဟိုမှဒီ၊ ဒီမှဟို ချိတ်ဆွဲ။ အဲဒီကြိုးကလေးတွေကြားထဲမှာ ရောင်စုံပူဖောင်းတွေကို အပ်ချည်ကြိုးကလေးနဲ့ လိုက်ချိတ်။ မင်္ဂလာပွဲမစခင် တစ်ရက်အလိုမှာ ကိုဖြိုးအပါအ၀င် တခြားတခြားသော မင်္ဂလာပွဲကို ၀ိုင်းဝန်းကူညီသူတွေရဲ့ အထောက်အပံ့နဲ့ အခန်းအနားကျင်းပမယ့် ခန်းမဟာ အတော့်ကို လှပသွားတယ်ဆိုပါတော့ဗျာ။

ကိုဖြိုးက ကလေးတန်မဲ့နဲ့ လူကြီးတွေ ဘာပဲလုပ်လုပ် ကျွန်တော်လည်း ၀ိုင်းလုပ်ပေးမယ်ဆိုပြီး အသည်းအသန်လိုက် ကူညီနေမိခဲ့တာပေါ့။ အမှန်က ဆင်ကြံကြံနေတာဗျ။ ဒီလိုနဲ့ အလုပ်တွေလည်းပြီးရော အားလုံး အတူတူ လက်ဖက်ရည်သောက် အပန်းဖြေနေတုန်းမှာ ကိုဖြိုးက ဦးလေးကို မေးလိုက်တယ်။

"ဦးလေး မနက်ဖြန် မင်္ဂလာဆောင်ပြီးရင် သားကို အဲဒီ ပူဖောင်းတွေ အကုန်ပေးနော်" လို့။ အမှန်က မေးတယ်ဆိုတာထက် တောင်းတယ်ဆိုရင် ပိုမှန်မယ်။ သူကလည်း လျှောလျှောရှူရှူပါပဲ။ အင်းတဲ့။

တိုတိုနဲ့ လိုရင်းပြောရရင်တော့ မင်္ဂလာဆောင်လည်း ပြီးရော အားလုံးက ပန်းကန်ခွက်ယောက်တွေသိမ်းဆည်း ခုံတွေသိမ်းဘာညာလုပ်နေတုန်းမှာ ကိုဖြိုးက နောက်ထပ်သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး ပူဖောင်းတွေ လိုက်ဖြုတ်တာပေါ့။ ပြီးတော့ အသင့်ဆောင်ထားတဲ့ အပ်ချည်လုံးနဲ့ ပူဖောင်းတွေကို ကြိုးရှည်ရှည်ကလေးတွေ ချည်ပြီး အတွဲလိုက်ကြီးဖြစ်အောင် ကြံစည်တာပေါ့။ အပ်ချည်လုံးက မနေ့ကတည်းက ဖွက်ထားတာလေ။

အားလုံး သူ့အလုပ်နဲ့သူရှုပ်နေတုန်း ကိုဖြိုးလည်း သူငယ်ချင်းရဲ့ လက်ကို အသာဆွဲပြီး ဈေးထဲကို ပူဖောင်းတစ်တွဲနဲ့အတူ ထွက်ခဲ့တာပေါ့။ သူတော့ ဘာလုပ်မယ် မသိဘဲ ကန့်လန့်ကန့်လန့် ပါလာလေရဲ့လေ။ ဈေးထဲလည်းရောက်ကော ကိုဖြိုးတစ်ယောက် ကလေးရှိတဲ့ ဆိုင်တွေရှေ့မှာ တစ်ခေါက်ပြီးတစ်ခေါက်ဖြတ်လျှောက်တော့တာပါပဲ။ ပါးစပ်ကလည်း ပူဖောင်းတွေရမယ် ပူဖောင်းတွေဆိုပြီး တတွတ်တွတ်ရွတ်လို့ပေါ့။ ကိုဖြိုးကို သနားလို့ပဲလား ဘာလို့လဲတော့ မသိဘူး။ ပူဖောင်းတွေ ရောင်းရတယ်။ တစ်ချို့ဆိုရင် ဈေးတောင် ကပ်ဆစ်ကြသေးတယ်။

ကိုဖြိုးက တစ်ကျပ်ဖိုး သုံးလုံးနဲ့ ရောင်းတာလေ။ တစ်ချို့က လေးလုံးပေးပါဆိုပြီး ဆစ်ကြသေးရဲ့။ မရလို့ပါဗျာ ဘာညာပြောပြီး မနည်းရောင်းထုတ်ရတယ်။ အရင်းလည်း စစ်ကော နောက်ဆုံးပိတ်မှာ ကိုဖြိုးလက်ထဲ ပူဖောင်းတစ်လုံးနဲ့ ငွေ ၂၈ ကျပ်ခွဲရပါလေရော။ အတူအဖော်လိုက်ပေးတဲ့ သူငယ်ချင်းက ကိုဖြိုးနောက်ကနေ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်ရအောင်ကွာ လူကြီးတွေ သိသွားရင် အဆူခံရမယ်ချည်း ပြောနေတော့တာ။ ပိုက်ဆံတွေလည်းရရော ကိုဖြိုးက သူ့ကို ၈ ကျပ်ခွဲပေးတယ်။ ပြီးတော့ အိမ်ခေါ်သွားပြီး မင်္ဂလာဆောင်က ပိုတဲ့ ဒံပေါက်ထမင်းပါ ထပ်ကျွေးလွှတ်လိုက်တယ်။ လူကြီးတွေကတော့ ကိုယ့်အလုပ်နဲ့ကိုယ်များနေကြတာမို့ မသိကြသေးဘူးလေ။

နောက်ရက် ဈေးပြန်ထွက်တဲ့နေ့မှာပဲ ကိုဖြိုးရဲ့ အဖိုးနဲ့ ဦးလေးတွေဆီကို တစ်ယောက်ပြီးတစ်ယောက် လာပြောကြလေရဲ့။ ကိုဖြိုးကတော့ အဆော့မက်သူပီပီ သွားကစားနေတာမို့ ဘာမှကို မသိလိုက်ဘူး။ အိမ်လည်းပြန်ရောက်ကော အဖိုးကစပြီး ကိုဖြိုးကို ခေါ်တယ်။ ဦးလေးတွေကလည်း ထိုင်နေတော့ ကိုဖြိုးတော့ အခြေအနေမကောင်းဘူးဆိုတာ သိလိုက်ပြီ။ အဲခါကျတော့ မျက်နှာငယ်လေးနဲ့ပေါ့။ အဖိုးက မေးတယ်။ မင်းပူဖောင်းတွေ လျှောက်ရောင်းစားတယ်ဆိုတာ ဟုတ်လားတဲ့။ ကိုဖြိုး ဘာတတ်နိုင်မှာတုန်း ဟုတ်ကဲ့ပေါ့။ ဘာလို့ရောင်းတာလဲတဲ့။ မုန့်ဖိုးလိုချင်လို့လားတဲ့။ ကိုဖြိုးက ခေါင်းခါပြလိုက်ပြီး မုန့်ဖိုးလိုချင်ရင် အဖိုးတို့ဆီကနေ တောင်းမှာပေါ့။ အခုက ပူဖောင်းတွေ အလကား ဖောက်ပစ်မယ့်အတူတူ ပိုက်ဆံရအောင် တမင်ရောင်းစားတာလို့ ပြောလိုက်တယ်။ အဲခါမှာပဲ ကိုဖြိုးရဲ့ အဖိုးရယ် ဦးလေးတွေရယ်က ကိုဖြိုးကို ပြုံးစိစိနဲ့ကြည့်ပြီး မင်းအတော် လူဝါးဝတဲ့ကောင်တဲ့ဗျာ။

အခုချိန်ထိ ကိုဖြိုး တစ်ယောက်နားမလည်တာတစ်ခုက ဘာများလူဝါးဝမိလို့ပါလဲဆိုတာကိုပေါ့။

ကိုဖြိုး
Read More 0 comments | | edit post

အိမ်

အိမ်နံ့သင်းတဲ့ အိမ်
ပေရေကာ ရှုပ်ပွနေဦးတော့
မိုးယိုကာ လေတိုးစေဦးတော့
ကျောခင်းတစ်နေရာအတွက်
ရင်တွင်းလုံလုံနဲ့
နေလို့ရတဲ့အိမ်
ရှာဖွေ သိမ်းဆည်းသိုမှီးရာအိမ်
အထီးကျန်နဲ့ အမကျန်တို့ နေထိုင်နားခိုရာအိမ်
လမ်းမီးဝါ၀ါရိပ်မိုး
ကျွန်တော့်ကို တီးတိုးပြောသံကလေးကြားလိုက်မိ
သြော် ... အိမ်အပြန်မှာ
ကြိုလင့်နေမယ့် လက်တစ်စုံရှိလို့နေပေါ့ကွယ်
နီယွန်မီးရောင်တွေကြား သွားရစေဦးတော့
ကျွန်တော့်အနားမှာ သူ့ကို ငဲ့ငဲ့ကြည့်လို့ရနေပေါ့

ကိုဖြိုး
(၁၅.၉.၂၀၀၈)
Read More 1 Comment | | edit post

လူစင်စစ်ကနေ ခွေးဖြစ်စေသား

လူဟာ ခွေးထက် မိုက်တယ်တဲ့လေ
ကြားဖူး နားဝ ရှိခဲ့ဖူးတယ်
တကယ်ဆို လူဟာ ခွေးထက် ကိုက်တယ်တို့
လူဟာ ခွေးထက် ဟောင်တယ်တို့လည်း ရှိသင့်သေးတာပေါ့ကွယ်

လူစင်စစ်ကနေ မေတ္တာတွေမဲ့ သစ္စာတွေပဲ့ကာ
ပါးစပ်ဖျားကနေ သွားရည်တမြားမြားနဲ့အတူ လျှံကျခဲ့တာတွေကတော့
လောက၀တ် စကားတွေသာဖြစ်တယ်
အချစ်ဆုံးကြီးရေ့ ... ကောင်းစေချင်လွန်းလို့ ပြောတာနော် ဆိုလားပါပဲ
အဆင်ပြေသာယာစေဖို့ မျှော်လင့်ပါတယ်တဲလေ
ဆင်ကော်နဲ့ ကပ်ထားသလို ခွာလို့လည်း မရ၊ ခွဲလို့လည်း မကွာတဲ့
သံယောဇဉ်ဆိုတာနဲ့ ချည်တုပ်နှောင် ...
မိတ်ဆွေတို့ရေ ... မှောင်လွန်းပါတယ်ကွယ်

ငါတို့ကတော့ မျက်နှာပြောင်ပြောင်နဲ့ပါပဲ
သွားကိုဖြဲပြီး လျှာတန်းလန်းတန်းလန်းနဲ့လည်း
သွားရည်တမြားမြား ကျပြရဲပေါ့
အမြီးမပါတာကလွဲလို့ စပ်စလူးခါပြဖို့ကိုလည်း
ဝန်မလေးလှပါဘူး
အသံစာစာ စာစာနဲ့လည်း ချိုချိုသာသာတွေ ပြောရဲဆိုရဲပေါ့
သတိသာထားနေ
ကွယ်ရာမှာ တိတ်တိတ်ကလေး ထိုင်ဆဲနေတယ်
ကြားပြီပြီလား အစချီချီပြီး လူတကာကြားမှာလည်း
အတင်းတွေ အဖျင်းတွေ သွားသွားထားတယ်

လာပြောကြမလို့လား ...
ထားစမ်းပါ ... နားစမ်းပါကွယ်
ငါက သနားကမားနဲ့မို့ပါ ... အပူရုပ်နဲ့ ဟန်လုပ်လို့နေပေါ့
ပြန်တုပ်တဲ့ ဒင်းတို့ကသာ လူယုတ်တွေလေ ...
သိပ်ကို ရိုင်းပြကြတာပဲ
(ငါ့လို စကားလှလှလေးတွေ သုံးသုံးပြီး ဆဲရတယ်) တဲ့

အား ...
ကျွန်တော့် ခြေသလုံးတွေ ယားလိုက်တာဆိုမှပဲ
"ထ" ကြည့်ဖြစ်တယ်

သူ့ဆုတောင်းက လူစင်စစ်ကနေ ခွေးဖြစ်စေသားကိုး။

ကိုဖြိုး
Read More 0 comments | | edit post

ဆေးပေါင်းခတဲ့ ပလက်ဖောင်းည

နီယွန်မီးဝါ၀ါတွေကြား ၀ိညာဉ်တစ်ကောင်လိုသွား
ငါ့အရိပ်ရှည်လျားလျားက ခွေးလေခွေးလွင့်တွေရဲ့ ကြားထဲမှာပေါ့

အိမ်ရယ်လို့ မပီပြင်တဲ့ အိမ်မှာ ငါနေခဲ့ဖူးတယ်
အခုတော့လည်း ကမ္ဘာမြေကြီးကို ခေါင်းအုံးပြီး
ကျောတစ်ခင်းအတွက်လည်း မိုးလင်းအထိ အမှောင်ကို စောင့်လို့ကြည့်မယ်လေ
မနာလိုသူတွေ အားရကျေနပ်ကြစေသား ...
လမ်းဘေးအိပ်ပြီး လမ်းဘေးစားတဲ့ ငါ့နေ့ရက်တွေကို
အောင်သေသောက်သုံး အောင်မြင်သံတွေ ဖုံးပြီး
ရယ်မောကြပါဦးလေ

ချစ်သောသူရေ ...
မျက်ရည်စတွေကို လက်ခုံနဲ့ ပွတ်သပ်သုတ်ပစ်လိုက်ပေါ့ကွယ်
ဘ၀ရဲ့ ကံကြမ္မာမှာ ငါခံစရာတွေ ကျန်နေသေးသရွေ့တော့
မင်းလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူးလေ
စိတ်သွားတိုင်း ကိုယ်မပါတဲ့ဘ၀ထဲကို ငါတို့ ပြန်မလာကြတော့ဘူးနော်
အားမတန်ဘဲ မာန်တွေကိုလည်း ထပ်တလဲလဲ မလျှော့တော့ပါဘူး
ပျော့တွဲနေတဲ့ လက်တွေဖြစ်နေစေဦးတော့
ငါတို့ ဆက်တွဲ "မြဲ" ကြမယ်လေ

မေမေက ငါ့ကိုပြောတယ်
သား ကိုယ့်ဟာကိုယ် ဂရုစိုက်ပါတဲ့
အရိုက်ခံလိုက်ရတဲ့ နှလုံးသားတစ်ခုနဲ့ ကောင်ပါ မေမေ
လေသံကြားရင်တောင် နှလုံးက လန့်လန့်သွားတတ်သေးတယ်
ကျွန်တော် သူ့ကို ထားမသွားနိုင်ဘူး မေမေ

အေးစက်တုန်ရင်နေတဲ့
မေးအစုံနဲ့ပဲ ကိုယ့်လက်တွေကို ကိုယ်ပြန်ပွတ်နေမိပေါ့
နွေးတေးတေး ငွေ့တေ့တေ့လေးနဲ့ပါပဲ
အာငွေ့လေးကလည်း တဖြည်းဖြည်း အေးခဲလို့လာနေပေါ့
အိပ်မောကျမသွားရဲလောက်အောင်ကို
ညက ရက်ရက်ရောရော အေးမြနေလိုက်တာလေ
တစ်ယောက်သော သူရဲ့ အိပ်မက်တွေကြားထဲ
လျှောက်သွား ...
ကျွန်တော် ဖျားနာနေပါတယ် မေမေ

ဘ၀ရဲ့ ဒဏ်ရာဆိုတာကို
တယုတယ ပိုးမွေးသလို မွေးမြူရင်းနဲ့ပဲ
ဟောဒီကောင့်ရင်ဘတ်ထဲမှာ အသားမာတွေကလည်း အထပ်ထပ်ပေါ့
မျက်ရည်တွေနဲ့ ခတ်တဲ့ လက်ခတ်သံမှာ
သံစဉ်ချိုချိုတွေချည်း မပါနိုင်ခဲ့ဘူး

ငါ့အိပ်ခန်းလေးဆီ လမ်းပြလှည့်ပါ
အိမ်နံ့သင်းတဲ့ အိပ်ခန်းကလေးမှာ
အချစ်ဆုံးသူ့ လက်ကလေးကို ဆုပ်ကိုင်ပြီး
ငြိမ်းချမ်းအိပ်စက်ချင်လို့ပါလေ
နီရဲ မို့အစ်နေတဲ့ ငါ့မျက်လုံးတွေအတွက်
ငါ အတ္တကြီးစွာ တောင်းဆိုပါရစေ ...

တေလေတစ်ယောက် လမ်းဘေးမှာ လမ်းဆက်လျှောက်နေပါတယ်။

ဘ၀ဆိုတာကို ခပ်ရိုင်းရိုင်း ခပ်မှုန်မှုန် ဆဲဆိုပြီးမှပဲ ခြေဦးတည့်ရာ ထွက်ခဲ့ပေါ့။

တစ်နေ့နေ့တော့ ချစ်သူ့ရင်ခွင်ဆီ ရောက်ပါလိမ့်မယ်။

ကိုဖြိုး
Read More 1 Comment | | edit post

စိတ်ရိုင်းစိတ်မိုက်တွေ

ဘာကိစ္စများ ငါက ဘ၀ကို ချိုကြည့်နေရမှာလဲ
ခါးလွန်းတော့လည်း ထွေးထုတ်လိုက်ရုံပဲပေါ့
လူပုံအလယ် မနေနိုင်လောက်အောင်ကိုပဲ
လူတွေက လုပ်ပြခဲ့ပြီးပြီလေ
ကိုယ်သိပ်ချစ်ရတဲ့သူတွေကလည်း
ကိုယ့်ကို အထင်အမြင်တွေသေးနေကြပေါ့
ကြာလာရင် ဒဏ်ရာဗရပွကိုပဲ တယုတယ
မကုသဘဲထားနေရင်း ထားနေရင်းနဲ့
အပြုံးချိုချိုကလေးတွေ လိမ်းကျံထားတဲ့ မျက်နှာတွေမှာ
ကောက်ကျစ်မှုတွေက ပါပါနေတာကို
ငါ တွေ့တွေ့နေရပြန်တယ်
လက်ဖျားမှာ ငွေသီးတဲ့အခါကျမှ
အဲဒီ ပုပ်ပွနေတဲ့ ပါးစပ်ကြီးတွေကို ပိတ်ရမယ်တဲ့
ကံကြမ္မာငနဲသားကို သွားသွားဆဲနေတဲ့ လူတွေရှိတယ်
ကိုယ်က အညတရပါကွယ် ..
ဘ၀ကို တည်ဆောက်မပြနိုင်သေးတဲ့ အိပ်မက်တွေနဲ့ချည်း
အိပ်စက်နေရသူပါ ..
အိမ်ကလေးထဲ သော့ပိတ်ပြီး အိပ်နေတဲ့သူကိုမှ
မရအရနှိုးချင်နေခဲ့မိတယ်
ထ .. ထ .. ထ .. ဆိုပြီးတော့
အိပ်မက်ဆိုးတွေမက်တဲ့ညကပဲ ..
နေ့သစ်ကို မွေးဖွားလိုက်ပြန်တယ် ..
ကိုယ်က ကိုယ့်ယုံကြည်ချက်အတွက် ..
ကိုယ့်ကိုယ်ကို အသေခံပြလိုက်တယ် ..
လူသားတွေကို သိပ်မုန်းတဲ့အကြောင်းက
အပိုစကားတွေနဲ့ သူများဘ၀တွေကို ချုပ်နှောင်နေလို့ပဲဗျ .. ။

ကိုဖြိုး
Read More 0 comments | | edit post

ကဗျာအဟောင်းထဲမှ ရင်ခုန်သံ အသစ်

ကြယ်ကလေးတွေ ထိုးထွင်း .. မလင်းနိုင်ရှာတဲ့
နီယွန်မီးရောင်တွေအောက်မှာ ကျွန်တော်တစ်ယောက်တည်း
လမ်းလျှောက်ရင်း စဉ်းစားတယ်
ကျွန်တော်ကို မယုံဘူးဆိုတဲ့ ကျွန်တော်ချစ်တဲ့သူ
တစ်ခါတစ်ခါတော့လည်း အခုလိုအချိန်မျိုးတွေမှာ
သူ့လက်ကလေးကို တင်းတင်းဆုပ်ကိုင်ရင်း
ဘ၀ထဲကို ခပ်ပြင်းပြင်းကလေး တိုးဝင်သွားချင်မိတယ်
သူကတော့ သိချင်မှ သိရှာလိမ့်မယ်

ကိုယ်ချင်းစာစိတ်တွေ ယိုဖိတ်ကျ
မျက်လုံးတွေ ကျိန်းစပ်နေတဲ့နေ့ ညက
ကျွန်တော်အိပ်မရပြန်ပါဘူး ..
သူမ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲဆိုတာကို
မမှီ မကန်း မလှမ်း မဝေးကနေ အတွေးနယ်ချဲ့ပြန်တယ်
ကိုယ်က ဘ၀ကို သူမပါပဲ ချိုရဲမယ် မထင်မိပြန်ဘူးကွယ်
သူ့အပြုံးလှလှကလေးတွေက ချိုမြနေလိုက်ကြပြန်တာ
ကိုယ် ကမ္ဘာမှားရောက်လာတာဖြစ်ပါလိမ့်မယ်

တစ်ရက်မှာ နာရီ နှစ်ဆယ်လောက် ကိုယ့်အတွေးကို
နှောင့်ယှက်စိုးမိုးခွင့် သူက ရထားတယ်
ကိုယ်ဘာလုပ်နေပါစေ .. သူက ပါနေတော့တာပါလားကွယ်
ကိုယ်ကျရှုံးတယ်လို့ မယူဆပါဘူး
သူက ကိုယ့်ဘ၀ကို လမ်းပြဖို့ ဘုရားသခင်က သူ့ကို လမ်းပြခဲ့တယ်
နောက်ဆိုရင် ကိုယ်သူနဲ့ ခရီးဆက်တော့မယ်လေ

အချစ်ရေ ..
လာပါ .. ၀င်ခဲ့ပါ .. အဲဒီ အသင့်ဖွင့်ထားတဲ့ တံခါးချပ်အတွင်းဘက်မှာ
ကံဆိုးမိုးမှောင် တံဆိပ်ကြီး ရှိနေတယ်ဆိုရင်တောင်မှ
ကိုယ်တို့ ကြိုးစားပြီး ခွာချကြမယ်လေ
အဲဒီ မယုံကြည်မှုကိုပဲ ကိုယ်တို့ ပြန်ယုံကြည်ထားလိုက်ကြတာပေါ့ကွယ်။

ကိုဖြိုး
Read More 0 comments | | edit post

ဝိုင်းသတ်ကြခြင်း

အချစ်ဆုံး သူငယ်ချင်းတွေပါတဲ့ကွယ်
နီးစပ်မှုအားလုံးကို သုံး ...
လူသားသိက္ခာတစ်ခုလုံးကို
ဘုန်းခနဲ ... (သို့မဟုတ်) ဗုန်းခနဲ ...
ဖြတ်တိုက်ချသွားတယ်

ငါကိုယ်ကပဲ သိပ်ကို "အ" ခဲ့တာလား
ဖြစ်မှာပေါ့ကွယ်

ဝိုင်းသတ်လို့ မသေတဲ့ မသာဟာ
ပုလ္လင်ထက်ကရာဇာဖြစ်တယ်
အချစ်ဆုံးတွေထက် ချစ်တဲ့ ချစ်သူတစ်ယောက်ပဲ
လိုတော့တာပေါ့ကွယ်

ဘ၀ဆိုတာ မလိုအပ်ပါဘဲ ဖြုန်းတီးခဲ့တဲ့အချိန်တွေက ခပ်များများပေါ့

ကိုဖြိုး
Read More 0 comments | | edit post

ပဌာန်းပစ္စယုဒ္ဒေသပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဟေတုပစ္စယော

အာရမ္မဏပစ္စယော

အဓိပတိပစ္စယော

အနန္တရပစ္စယော

သမနန္တရပစ္စယော

သဟဇာတပစ္စယော

အညမညပစ္စယော

နိဿယပစ္စယော

ဥပနိဿယပစ္စယော

ပုရေဇာတပစ္စယော

ပစ္ဆာဇာတပစ္စယော

အာသေဝနပစ္စယော

ကမ္မပစ္စယော

ဝိပါကပစ္စယော

အာဟာရပစ္စယော

ဣန္ဒြိယပစ္စယော

ဈာနပစ္စယော

မဂ္ဂပစ္စယော

သမ္ပယုတ္တ ပစ္စယော

ဝိပ္ပယုတ္တပစ္စယော

အတ္ထိပစ္စယော

နတ္ထိပစ္စယော

ဝိဂတပစ္စယော

အဝိဂတပစ္စယော

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

၁။ ဟေတုပစ္စယ

ဟေတုပစ္စယောတိ -

ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမ္ပယုတ္တကာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။

၂။ အာရမ္မဏပစ္စယ

အာရမ္မဏပစ္စယောတိ -

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စရေန ပစ္စယော။

သဒ္ဒါယသတနံ သောတဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေနပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗယတနံ မနော ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။

သဗ္ဗေဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စေယေန ပစ္စယော။

ယံ ယံ ဓမ္မံ အာရဗ္ဘ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။

၃။ အဓိပတိပစ္စယ

အဓိပတိပစ္စယောတိ -

ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝီမံသာ ဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာ နဉ္စရူပါနံ အဓိပတိ ပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိ ပစ္စယေန ပစ္စယော။

၎။ အနန္တရပစ္စယ

အနန္တရပစ္စယောတိ -

စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနော ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံ သမ္ပာယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိဘာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ဇိဝှာဝိညာစဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။

ကာယဝိဘာဏဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မ၊ တေ တေ ဓမ္မာ တေသံတေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။

၅။ သမနန္တရပစ္စယ

သမနန္တရပစ္စယောတိ -

စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တာ စ ဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

သောတဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ဇိဝှာဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ကာယဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။

မနောဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပဇ္ဇန္တိ စိတ္တဟေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

၆။ သဟဇာတပစ္စယ

သဟဇာတပစ္စယောတိ -

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတ ပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတ ပစ္စယေန ပစ္စယော။

အရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဥ္စိကာလေ သဟဇာတ ပစ္စယေန ပစ္စယော၊ ကိဥ္စိကာလေန သဟဇာတ ပစ္စယေန ပစ္စယော။

၇။ အညမညပစ္စယ

အညမညပစ္စယောတိ -

စတ္တာရော ခန္ဒာ အရူပိနော အညမညံ အညမည ပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမည ပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ အညမည ပစ္စယေန ပစ္စယော။

၈။ နိဿယပစ္စယ

နိဿယပစ္စယောတိ -

စတ္တာရော ခန္ဒာ အရူပိနော အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ နိဿယပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ နိဿယပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ နိဿယပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ နိဿယပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏဓာတုစ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာစ မနော ဝိညာဏ ဓာတုယာစ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ နိဿယပစ္စယေန ပစ္စယော။

၉။ ဥပနိဿယပစ္စယ

ဥပနိဿယပစ္စယောတိ -

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယ ပစ္စယေန ပစ္စယော။

ဥတုဘောဇနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော။

ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော။

သေနသနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော။

၁ဝ။ ပုရေဇာတပစ္စယ

ပုရေဇာတပစ္စယောတိ -

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ ပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတုစ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စစ ဓမ္မနံ ပုရေဇာတပစ္စယေန ပစ္စယော။

မနော ဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိ ကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိ ကာလေန ပုရေဇာတပစ္စယေန ပစ္စယော။

၁၁။ ပစ္ဆာဇာတပစ္စယ

ပစ္ဆာဇာတပစ္စယောတိ -

ပစ္ဆာဇာတ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတ ပစ္စယေန ပစ္စယော။

၁၂။ အာသေဝနပစ္စယ

အာသေဝနပစ္စယောတိ -

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေဝန ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ အာသေဝန ပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာ ဗျာကတာနံ ဓမ္မာနံ အာသေဝန ပစ္စယေန ပစ္စယော။

၁၃။ ကမ္မပစ္စယ

ကမ္မပစ္စယောတိ -

ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဒာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။

၁၄။ ဝိပါကပစ္စယ

ဝိပါကပစ္စယောတိ -

ဝိပါကာ စတ္တာရော ခန္ဒာအရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။

၁၅။ အာဟာရပစ္စယ

အာဟာရပစ္စယောတိ -

ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။

အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။

၁၆။ ဣန္ဒြိယပစ္စယ

ဣန္ဒြိယပစ္စယောတိ -

စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ကာယိန္ဒြိယံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

၁၇။ ဈာနပစ္စယ

ဈာနပစ္စယောတိ -

ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော။

၁၈။ မဂ္ဂပစ္စယ

မဂ္ဂပစ္စယောတိ -

မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။

၁၉။ သမ္ပယုတ္တပစ္စယ

သမ္ပယုတ္တပစ္စယောတိ -

စတ္တာရော ခန္ဒာအရူပိနော အညမညံ သမ္ပယုတ္တပစ္စယေန ပစ္စယော။

၂ဝ။ ဝိပ္ပယုတ္တပစ္စယ

ဝိပ္ပယုတ္တပစ္စယောတိ -

ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။

အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။

၂၁။ အတ္ထိပစ္စယ

အတ္ထိပစ္စယောတိ -

စတ္တာရော ခန္ဒာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာ ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယ ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ အတ္ထိပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာ စ မနော ဝိညာဏ ဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

၂၂။ နတ္ထိပစ္စယ

နတ္ထိပစ္စယောတိ -

သမနန္တရ နိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တာစေတသိကာနံ ဓမ္မာနံ နတ္ထိပစ္စယေန ပစ္စယော။

၂၃။ ဝိဂတပစ္စယ

ဝိဂတပစ္စယောတိ -

သမနန္တရဝိဂတာ စိတ္တစေတသိကာ ဓမ္မာ ပဋုပ္ပန္နာနံ စိတ္တာစေတသိကာနံ ဓမ္မာနံ ဝိဂတပစ္စယေန ပစ္စယော။

၂၄။ အဝိဂတပစ္စယ

အဝိဂတပစ္စယောတိ -

စတ္တာရော ခန္ဒာ အရူပိနော အညမညံ အဝိဂတပစ္စယေန ပစ္စယော။

စတ္တာရော မဟာဘူတာ အညမညံ အဝိဂတပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အဝိဂတပစ္စယေန ပစ္စယော။

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အဝိဂတပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ အဝိဂတပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာ ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယ ဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ အဝိဂတပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတုစ ဝတ္တန္တိ၊ တံရူပံ မနောဓာတုယာစ မနော ဝိညာဏ ဓာတုယာစ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

Read More 0 comments | | edit post

လွတ်လွတ်လပ်လပ်

အရာရာတိုင်းသာ ခင်ဗျားစိတ်တိုင်းကျ ဖြစ်နေမယ်ဆိုရင် ခင်ဗျားတောင် လူဖြစ်မလာဘူး။ ကောင်းကင်ဘုံက နတ်ဒေ၀ဒါတစ်ပါးလည်း ဖြစ်ချင်ဖြစ်နေမယ်။ ဒါမှ မဟုတ်လည်း ငရဲဘုံက လူတကာကို စီရင်ချက်တွေ ချချနေရတဲ့ ငရဲမင်းကြီးလည်း ဖြစ်ကောင်းဖြစ်နေမယ်။ လူအဖြစ်ဟာ သိပ်ကို စိတ်ညစ်စရာကောင်းတာပဲလို့ ခင်ဗျား ယူဆမိတဲ့ အချိန်တွေလည်း ရှိနေလိမ့်မယ်လေ။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရယ် ... ခင်ဗျား သိပ်ကို ချစ်ရတဲ့သူတွေရယ် ... ခင်ဗျားရဲ့ အလုပ်ရယ် ... ခင်ဗျားရဲ့ နေ့စဉ်လူမှုဘ၀ကလေးထဲမှာ ခင်ဗျားကိုယ် ခင်ဗျား သိပ်များမွန်းကြပ်နေပါလားလို့ တွေးနေမိကောင်း တွေးနေမိလိမ့်မယ်။ ဟုတ်ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့မှာ တစ်ခုမဟုတ်ရင် တစ်ခု စိတ်ရှုပ်နေရတတ်တဲ့ အချိန်တွေ ရှိတယ်လေ။ ဒါတွေဟာ တကယ်တော့ ဘာရယ်မဟုတ်ပါဘဲ ခင်ဗျားကို သက်သက်မဲ့ နှောင့်ယှက်နေတာလေ။ ခင်ဗျားယုံကြည်ထားသလို အရာအားလုံးဟာ စိတ်ပျက်ဖွယ်ရာတွေချည်းပဲတော့ မဟုတ်တာ အမှန်ပါပဲ။ ခင်ဗျားစိတ်တွေ ကျနေသလိုတော့ အရာရာဟာ စိတ်ပျက်ဖို့ မကောင်းပါဘူး။ အချိန်ကာလတစ်ခုကို လွန်ထွက်သွားရင် ခင်ဗျားနားလည်ထားတဲ့ အဆင်မပြေမှုတွေဟာ အဆင်ပြေမှုတွေ ဒါမှမဟုတ် ရယ်သွမ်းဖွဲ့စရာတွေအဖြစ် ပြောင်းလဲသွားကြလိမ့်မယ်။ ခင်ဗျားဦးနှောက်ကို အနားပေးဖို့ စင်တာကောင်းကောင်းတွေ လိုအပ်နေတယ် မဟုတ်လား။ Brain Relex Center တွေ အသစ်ဖွင့်ဖို့ ထောက်ခံချက်တွေး များသည်ထက်များလာတယ်လေ။ ခင်ဗျားတို့ကော ကျုပ်တို့ပါ ပါဝင်လှုပ်ရှားသင့်နေပေါ့။ ပူလောင် ပြင်းပြလွန်းတဲ့ နေရောင်အောက်မှာ ခင်ဗျားတို့ ကျုပ်တို့အားလုံး ပင်ပန်းနွမ်းနယ်လွန်းကြတယ်။ တခြားသူတွေရဲ့ မျက်နှာပေါ်က အရိပ်တွေကို လိုက်လိုက်ကြည့်ပြီး ကျွန်တော်တို့ ရင်ခွင်တွေ ရှုပ်ထွေးလိုက် စင်ကြယ်လိုက်နဲ့။ ယိုင်တိုင်တိုင် နဲ့တဲ့တဲ့နဲ့ပါပဲ။ လဲကျလုဆဲဆဲဆိုရင်တော့ အားကိုးတစ်ခုကို ရှာကြတာပေါ့လေ။ ခင်ဗျားကော ကျုပ်တို့ပါ ဘ၀ကို လွတ်လပ်မှု ပျော်ရွှင်မှုတွေနဲ့ချည်း ဖြတ်သန်းသွားချင်ကြတယ်လေ။ သေချာတာတစ်ခုကတော့ လူသားအားလုံး တပြိုင်နက် မပျော်ရွှင်နိုင်တာပေါ့။ အဲဒီတော့ ကျုပ်တို့ရဲ့ ပျော်ရွှင်ဖွယ် အချိန်တွေကို များသည်ထက်များလာစေဖို့ ဖြစ်သမျှအကြောင်း တစ်ခုမကောင်း တစ်ခုကောင်းမှာပေါ့လေဆိုပြီး စိတ်ပေါ့ပေါ့ထား။ ဟင်းကိုပေါ့ပေါ့စားပြီး။ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘ၀မှာ စိတ်ဓါတ်တွေ ခိုင်မာကြည့်ရအောင်လေ။
Read More 2 comments | | edit post
Newer Posts Older Posts Home

L'etranger

  • About
      မေမေရေ ... သားလည်လည်သွားဦးမယ် ... ဆိုပြီးတော့ ဟောဒီကမ္ဘာထဲကို အလည်ထွက်ခဲ့သူ ...
  • Labels

    • Story (6)
    • Talk (8)
    • Tech (7)
    • ကဗျာ (51)

    Blog Archive

    • ► 2009 (29)
      • ► October (1)
      • ► September (2)
      • ► July (2)
      • ► June (3)
      • ► May (8)
      • ► April (4)
      • ► March (6)
      • ► February (2)
      • ► January (1)
    • ▼ 2008 (45)
      • ► December (7)
      • ▼ November (10)
        • မောင်မတရားဘူး
        • ကိုဖြိုး လူဝါးဝတယ်
        • အိမ်
        • လူစင်စစ်ကနေ ခွေးဖြစ်စေသား
        • ဆေးပေါင်းခတဲ့ ပလက်ဖောင်းည
        • စိတ်ရိုင်းစိတ်မိုက်တွေ
        • ကဗျာအဟောင်းထဲမှ ရင်ခုန်သံ အသစ်
        • ၀ိုင်းသတ်ကြခြင်း
        • ပဌာန်းပစ္စယုဒ္ဒေသပါဠိ
        • လွတ်လွတ်လပ်လပ်
      • ► October (16)
      • ► September (12)

    Followers

    My Blog List

    • အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ
      ကိုယ့်ရဲ့နံနက်ခင်း - လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အ...
      7 years ago
    • My Burmese Blog
      Hello world! - Welcome to WordPress. This is your first post. Edit or delete it, then start writing!
      8 years ago
    • MANORHARY
      အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က - ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့် ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ....
      9 years ago
    • ခင်မင်းဇော်
      ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ - အရာရာက မှောင်မိုက်လို့။ အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။ ဘာအလင်းမှုန်မှ မရှိ ။ ပကတိမှောင်မိုက်နေကြတယ်။ အဲ့မှောင်မိုက်မှုထဲ တယောက်လက်ကို တယောက်ဆွဲ ကြိုးစားကြ ...
      9 years ago
    • Tar Yar Minn Wai
      ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) - +ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်...
      14 years ago
    • NyAlAy
      အမှားပြင်ခြင်း - ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မ...
      15 years ago
    • ကိုရုပ်ဆိုး ရဲ့ ဒိုင်ယာရီ
      “THE CRADLE TO THE GRAVE” - အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။ ...
      15 years ago
    • Just Sharing What I Know
      Windows Vista Aero Vs. Linux Ubuntu Beryl - Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အာ...
      16 years ago
    • Nine Nine SaNay
      -
    • Moon Thet Pan
      -
    • မိုးလှိုင်ည
      -

    My Links

    • သဲအင်းဂူ
    • သန့်တည်ပွား
    • Dhamma Download
    • ပေါ်ပြူလာ
    • ဈေးကွက်ဂျာနယ်
    • သံလွင်အိပ်မက်
    • First Eleven
    • Myanmar Ebooks
    • iPhone's Applications
    • EOS Magazine
    • Digital Dream
    • Canon

    C-Box

  • Search






    • Home
    • Posts RSS
    • Comments RSS
    • Edit

    © Copyright L'etranger. All rights reserved.
    Designed by FTL Wordpress Themes | Bloggerized by FalconHive.com
    brought to you by Smashing Magazine

    Back to Top