undefined
undefined
မိုးတိမ်တွေ ညိုတာ ဘာလို့လဲ မေးရင် ...သူတို့လည်း ...
ကိုယ့်လို ငိုချင်လို့ ဖြစ်မှာပေါ့ကွယ် ...
မေမေရယ်လေ ...
သားဘ၀က နာလိုက်တာ ...
စိတ်ထင်တိုင်းပေါက်ခဲ့ပြီးမှ
လိုရာခရီးမရောက်လိုက်ရတဲ့ ဘီးလို
ခုတော့လည်း သံချွန်မြမြတစ်ခုက
ရင်ဘတ်ထဲ ရှလို့နေပေါ့ ...
လူ့သဘောက်တွေကြောင့်
စိတ်ကလည်း နှောင့်လို့နေရတယ်
ပတ်ဝန်းကျင်ဆိုတာ အတင်းပြောရုံကလွဲလို့
ဘာမှ မလုပ်ပေးတတ်တဲ့ သတ္တ၀ါတစ်ကောင်ပေါ့
ပြောင်းချင်တိုင်း ပြောင်းသွားတတ်ကြတဲ့ စိတ်တွေကြားမှာ
ကျွန်တော့်အိပ်မက်ကလေး ပါးပါးလှပ်လှပ်ရယ်နဲ့
ထောင်းခနဲ ထောင်းခနဲ ကြိုးတွေပြတ်ထွက်သွားတယ်
မသင့်ပါဘူးကွယ်တဲ့
လောကရဲ့ စည်းမျဉ်းစည်းကမ်းတွေကြားမှာ
တိတ်တိတ်ကလေး ကျိတ်ငိုဖူးခဲ့ရတာတွေကို
ဘယ်သူ သိနားလည်မှာလဲ
ဖြစ်နိုင်ရင်တော့လည်း
စိတ်ပြေလက်ပျောက်အနေနဲ့
လမ်းလေးခွဆုံမှာ ထိုင်ပြီး
တွေ့သမျှလူကို တိုးတိုးကလေး ထိုင်ဆဲနေလိုက်ချင်မိတယ်
ကိုယ့်ကိုယ်ကို စပြီးတော့ပေါ့ကွယ် ...
မိုးတိမ်တွေ ညိုတာ ဘာလို့လဲ မေးရင် ...
သူတို့လည်း ...
ကိုယ့်လို ငိုချင်လို့ ဖြစ်မှာပေါ့ကွယ် ...
ကိုဖြိုး
ကိုဖြိုး
ဒီကဗျာလေးအရမ်းကြိုက်တယ်