ကျွန်တော့်ဒူးတွေက ညွှတ်ညွှတ်ကျသွားတယ်
လူတကာရဲ့ စကားသံတွေကြားထဲမှာ
ကျွန်တော့်မှာ ပုန်းစရာနေရာရှာမတွေ့ခဲ့ပါဘူး
တော်သေးတာပေါ့ကွယ် ...
သူမ ရှိနေပေလို့ ...
ကျွန်တော့် မျက်ရည်တွေကို မမြင်ရက်တာမို့
သူမက ကျွန်တော့်ဘက်ကနေ မတ်တပ်ထရပ်တယ်
ဖေဖေရေ ... မေမေရေ ...
သားတစ်ယောက်ကနေ သမီးတစ်ယောက်ကို ဆောင်ကြဉ်းလာခဲ့ပေါ့
ကျွန်တော်တို့လက်တွေက ခိုင်မြဲနေလိုက်ကြတာ
ဖေဖေ မေမေတို့လိုပါပဲ
လောကဓံရှစ်ပါးထဲမှာ ကျွန်တော်တို့ လှည့်ပတ်သွားလာကြတော့မယ်
ပတ်ဝန်းကျင်ရဲ့ စကားသံတွေကို တွန်းလိုက်တိုက်လိုက်နဲ့
သိပ်တော့လည်း ဂရုမစိုက်ပါဘူးကွယ်
ကိုယ့်မရှိရင် ဘယ်သူက လာပူပန်မှာကြနေတာပဲ
ကျွန်တော်နဲ့ သူမနဲ့ပဲ
ဒူးတွေတိုက် ခေါင်းတွေဆိုင်ပြီး
အနာဂတ်ကို တိုင်ပင်ခေါ်ကြမယ်လေ ...
ခရီးက ဝေးလွန်းလှတယ်
လက်ခုပ်တီးသံတွေ မကြားရင်လည်း
ကျွန်တော်တို့ သွားကြတော့မယ်
တွဲလက်တွေကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားရင်း ...
အနာဂတ်တစ်နေ့မှာ ရှိနေတဲ့
ရပိုင်ခွင့် အိပ်မက်တွေအတွက်
ကျွန်တော်တို့ ရထားလေးကို တူတူမြည်အောင် ခရီးစခဲ့ပေါ့ ...
ကိုဖြိုး
ဘလော့ပေါ်အလည်တခေါက်
-
ဘလော့လဲ သတိတရဝင်ကြည့်ရင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ အရာတွေကို လွမ်းမိတယ်။
အချိန်တွေ ကုန်ဆုံးသွားချိန်မှာ မှတ်ဉာဏ်ထဲတောင် မသိမ်းနိုင်ခဲ့တဲ့
အမှတ်ရစရာတွေ ပြန်ဖတ်ရ...
4 months ago