undefined
undefined
ဒါဟာ သောက်ရေးသိပ်မပါတဲ့ လူတစ်ယောက်ပြောတဲ့ စကားဖြစ်တယ်ခင်ဗျားတို့ သိထားတဲ့အတိုင်းပါပဲ ဟောဒီလောကကြီးထဲမှာ သောက်ရေးသိပ်မပါတာတွေ သိပ်ကိုများတယ်
သောက်လုပ်သောက်ကိုင်မရှိဘဲ သောက်ပျင်းကြီးပြီး အိပ်နေတုန်းမှာမှ
သောက်ရေးမပါတဲ့ ဖုန်းမြည်သံတွေကလည်း ထ, ထပြီး မြည်တတ်သေးတယ်
သောက်ရေးမပါတဲ့ ရာသီဥတုကလည်း ဟောဒီ ကမ္ဘာ့လူထုကို အကြောင်းပြုပြီး ပူလောင်ပြင်းခတ်နေတယ်
ပက်လက်လှန် ရင်ဘတ်ဟပြဲနဲ့ ဟောဒီလောကထဲက ဓမ္မတရားတွေကို ရင်နှင့်ဆီးခံ
အသံအထပ်ထပ် ဖွင့်ချပစ်တတ်တဲ့ ပတ်ဝန်းကျင်လည်း ဆူညံဆူညံပါပဲ
အသေအချာ ပြန်ပြီး စဉ်းစားကြည့်စမ်းပါ
ခင်ဗျားတို့ ကျုပ်တို့ရဲ့ အသားကျလူ့ဘ၀ကို
ဒီနေ့ ခင်ဗျားဘယ်နှစ်ကြိမ်မြောက်ရေရွတ်လိုက်မှန်းမသိတဲ့
သောက်ရေးကို မပါဘူးဆိုတဲ့ စကားတစ်ခွန်းက
ကျုပ်ဆီကို ဘာလက်မှတ်မှ မပါဘဲ ရောက်ချလို့လာတယ်
တကယ်ပါကွယ်
အိပ်မောကျဖို့ အတော့်ကို ပြန်ပြီး ကြိုးစားယူရဦးတော့မယ်
ကိုဖြိုး