undefined
undefined
ခပ်ကြာကြာနေလာခဲ့ပြီးတဲ့နောက်မှာတော့ဘ၀ဟာ အတောင်ပံကလေးပေါက်လာတယ်
တောက်လျှောက်ကြီး ပျံတက်မသွားခင်မှာ
တဖြတ်ဖြတ်ဖြစ်စေ ... တဖျတ်ဖျတ်ဖြစ်စေ ...
တောင်ပံတွေ ခတ်တတ်ရဦးမှဖြစ်မယ်။
ဈေးကြီးသလောက် သောက်လို့ မစွံတဲ့ ဆေးလိပ်တွေ
ရှိနေသမျှ ကာလပတ်လုံး ငါ ဆေးလိပ်ပြတ်မယ် မထင်
ဇာတိချက်ကြွေ မွေးရပ်မြေရင်ခွင်ထဲက
နီကိုတင်းကိုပဲ ပိုစွဲမိတယ်
ငမိုက်သားတွေ ပျော်နေစေဖို့ လူလိမ်တွေက ပုံပြောပြတယ်
မစားရ ၀ခမန်းပါပဲ
အောက်တန်းကျတဲ့ စိတ်တစ်ခုနဲ့တော့
လူ့အထက်တန်းလွှာဆိုတာကြီးကို ဆောင်းထားမနေစမ်းပါနဲ့ကွယ်
ခေါင်းလေးပါလိမ့်မယ်
ကိုဖြိုး