• Home
  • Posts RSS
  • Comments RSS
  • My Photography
Blue Orange Green Pink Purple

ကိုဖြိုး၏

စည်းအပြင်ကလူ

ကိုရွှေ XP ???

Windows XP တင်ရင် အချိန်ဘယ်လောက်ကြာလဲ။ ကျွန်တော့်အတွက်ကတော့ အချိန် ၁ ပတ်ကျော်ကြာသဗျ။ ဖြစ်ပုံက ဒီလိုဗျ။

ကျွန်တော်က Compaq Presario C700 Laptop လေးပေါ်မှာ Windows XP ကို တင်ဖို့ အသည်းအသန်ကြိုးစားနေတာကိုး။ နဂိုက Windows Vista Ultimate တင်ထားလေတော့ သူ့ထက်နိမ့်တဲ့ Windows မို့လို့ Windows ပေါ်ကနေတော့ ပေးမတင်ဘူးဗျ။ ဒါနဲ့ပဲ Windows XP Bootable ခွေတွေရှာ။ Boot တက်တက်ပြီး တင်ရတာကိုး။ အဲဒီမှာ ပြဿနာက ပေးနေတော့တာပဲ။ Windows ကို ဘယ်မှာတင်ရမလဲ မေးတဲ့အချိန်တိုင်းမှာ “Unknown Device” ဆိုတဲ့ Error ချည်းပေးတာကိုး။ ဘာ Partitions မှလည်း ထွက်မလာတော့ဘူး။ အဲဒါနဲ့ ဟိုလျှောက်ရှာ ဒီလျှောက်ရှာ ရွာကိုပတ်နေတာ အချိန်တစ်ပတ်ကျော်ကြာတယ်ဗျ။ ဒါနဲ့ပဲ Windows Vista Ultimate ကို ပြန်ပြီး Boot တက်ကြည့် တင်ကြည့်တော့ Hard Disk က တွေ့နေပြန်တယ်ဗျ။ ကြုံဖူးတဲ့သူတွေဆိုရင်တော့ ရယ်စရာကောင်းပါမယ်။ XP ရဲ့ Boot မှာ လုံးဝ Hard Disk မသိတာက အတော့်ကို ခေါင်းစားတယ်ဗျ။

Google ကြီးကလည်း ဘာတွေရှာရှာပေးနေမှန်း မသိပါဘူးဗျာ။ သူရှာပေးလိုက် ကိုယ်လိုချင်တာနဲ့ လွဲနေလိုက်နဲ့။ နောက်ဆုံး စက်တစ်လုံးလုံးကိုပဲ ဖွင့်ချပစ်ရတော့မလိုလိုတောင် ဖြစ်နေသေးတာကိုး။ ကျွန်တော့်ထက် ၀ါရင့်တဲ့ ညီညီ(သံလွင်)တောင်မှ ဟိုဟာလုပ်ကြည့်ပါဦး။ ဒီဟာလုပ်ကြည့်ပါဦးနဲ့။ သူပြောသမျှလည်း မထူးခြားနား။ အတော်ခေါင်းမာတဲ့ Error ပါပဲဗျာ။ သူလည်း မင်းစက်က အတော့်ကို သောက်ကြီးသောက်ကျယ်စက်ဆိုပြီး ပြောတယ်။ နောက်ဆုံး မသိတော့ဘူးကွာ ပြောရတဲ့အထိပဲ။ အဲဒါနဲ့ သူလည်းရှာ ကျွန်တော်လည်းရှာ။ Windows XP Bootable ခွေတွေများ ပုံနေတာပဲ။ Troubleshooting methods တွေလည်း အတော့်ကို စုံသွားတာပဲ။

နောက်ဆုံး အကြမ်းဖျင်းကလေး ရိပ်မိလာတာက Hard Disk ရဲ့ Setting တစ်ခုခုကြောင့်ဆိုတာပါပဲ။ ဒါနဲ့ BIOS ထဲဝင်ပြီး Hard Disk ရဲ့ Setting တွေကို တစ်ခုချင်းလျှောက်ကြည့်လေတော့ Sata Native Support ဆိုတာလေး သွားတွေ့တယ်။ အဲဒီဟာလေးက Enable ဖြစ်နေတာကိုး။ ဒါနဲ့ အဲဒါလေးကို Disable လုပ်ပစ်လိုက်ပြီး ထပ် Boot တော့ ကိုရွှေ XP က အလိုလိုကို Partitions တွေ တွေ့တော့တာပါပဲ။ ဒါနဲ့ ရှိသမျှ XP ခွေတွေ အကုန်လျှောက်စမ်းတော့တာပဲ။ အကုန်ရတယ်။ မှတ်ကရောပဲ။ အောင်မြင်စွာနဲ့ Windows XP လေးတင်နိုင်တဲ့အခါမှာတော့ ဒီလိုပြဿနာမျိုး ကြုံလာကြဦးမယ့်သူတွေအတွက် မျှဝေလိုက်တာပါ။ သြော် SATA Native Support … SATA Native Support … , တစ်ခုတော့ ရှိသဗျ။ Windows XP ကို အောင်မြင်စွာ တင်ပြီးသွားရင်တော့ အဲဒီ SATA Native Support လေးကို ပြန်ပြီး Enable မလုပ်လိုက်ကြနဲ့ဦးနော်။ Windows တက်မလာဘဲ ရွာပြန်လည်နေဦးမယ်။ Windows Vista ပြန်သုံးမယ်ဆိုတော့မှသာ အဲဒီကောင်လေးကို Enable လုပ်ကြပါလို့ ... ။

ကိုဖြိုး
Read More 0 comments | | edit post

0 comments



Post a Comment
Newer Post Older Post Home

L'etranger

  • About
      မေမေရေ ... သားလည်လည်သွားဦးမယ် ... ဆိုပြီးတော့ ဟောဒီကမ္ဘာထဲကို အလည်ထွက်ခဲ့သူ ...
  • Labels

    • Story (6)
    • Talk (8)
    • Tech (7)
    • ကဗျာ (51)

    Blog Archive

    • ▼ 2009 (29)
      • ► October (1)
      • ► September (2)
      • ► July (2)
      • ► June (3)
      • ► May (8)
      • ► April (4)
      • ▼ March (6)
        • မရည်ရွယ်သည်များမှာ
        • ကိုရွှေ XP ???
        • Access Gmail with Windows Mail
        • ကျွန်တော် MAC Book နှင့် အိုင်တီခေတ်ကြီး
        • .............................................
        • ကျွန်တော်နှင့် စာရေးခြင်း
      • ► February (2)
      • ► January (1)
    • ► 2008 (45)
      • ► December (7)
      • ► November (10)
      • ► October (16)
      • ► September (12)

    Followers

    My Blog List

    • အိမ့်ချမ်းမြေ့ ရဲ့သံစဉ်မဲ့အလင်္ကာများ
      ကိုယ့်ရဲ့နံနက်ခင်း - လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အ...
      7 years ago
    • My Burmese Blog
      Hello world! - Welcome to WordPress. This is your first post. Edit or delete it, then start writing!
      8 years ago
    • MANORHARY
      အဝါရောင်ကျီးကန်းတွေ ငါ့ဆီပြိုဆင်းလာတဲ့နေ့က - ခုတလော ဖြစ်နေပုံက ခဏခဏ မိုးတွေရွာတယ် ..တစိမ့်စိမ့် ငုံ့ကြည့်လိုက်တိုင်း အုံ့ဆိုင်းမှိုင်းညို .. အမှတ်သည်းခြေ မရှိသလိုပဲ ထင်ရာမြင်ရာ နေကလည်း ခြစ်ခြစ်တောက်ပူ....
      9 years ago
    • ခင်မင်းဇော်
      ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ - အရာရာက မှောင်မိုက်လို့။ အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။ ဘာအလင်းမှုန်မှ မရှိ ။ ပကတိမှောင်မိုက်နေကြတယ်။ အဲ့မှောင်မိုက်မှုထဲ တယောက်လက်ကို တယောက်ဆွဲ ကြိုးစားကြ ...
      9 years ago
    • Tar Yar Minn Wai
      ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄) - +ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်...
      14 years ago
    • NyAlAy
      အမှားပြင်ခြင်း - ဘလော့ဂ်ကို ပြစ်ထားတာ ကြာပါပြီ ဒီနေ့ စိတ်လိုလက်ရ ၀င်ကြည့်လိုက်တော့ ဘုန်းဘုန်းတစ်ပါးက ညလေးဘလော့ဂ်ရဲ့ ဆိုက်ဘားမှာ တင်ထားတဲ့ ကိလေသာ (၁၀)ပါး မှားနေတဲ့အကြောင်း မ...
      15 years ago
    • ကိုရုပ်ဆိုး ရဲ့ ဒိုင်ယာရီ
      “THE CRADLE TO THE GRAVE” - အောက်တိုဘာလ (၂)ရက်၊ ၂၀၀၉ ခုနှစ်နေ့မှာ မွေးဖွားတဲ့ ကျနော့သားငယ်လေး "ဟိန်းအာကာ"ရဲ့ ရက် (၁၀၀)ပြည့် မွေးနေ့အလှူလေးမှာ သူ့အတွက် ကျနော် ရေးစပ်ထားတဲ့ ကဗျာလေးပါ။ ...
      15 years ago
    • Just Sharing What I Know
      Windows Vista Aero Vs. Linux Ubuntu Beryl - Windows Vista ရဲ့ Aero နဲ့ Ubuntu ရဲ့ Beryl နှိုင်းယှဉ်ချက်လေးပါ။ ခံစားကြည့်ပါအုန်း။ ဒါကိုပြပြီး Linux က ပိုကောင်းတယ် လို့မပြောပါဘူး။ သူဟာနဲ့သူ အားသာချက် အာ...
      16 years ago
    • Nine Nine SaNay
      -
    • Moon Thet Pan
      -
    • မိုးလှိုင်ည
      -

    My Links

    • သဲအင်းဂူ
    • သန့်တည်ပွား
    • Dhamma Download
    • ပေါ်ပြူလာ
    • ဈေးကွက်ဂျာနယ်
    • သံလွင်အိပ်မက်
    • First Eleven
    • Myanmar Ebooks
    • iPhone's Applications
    • EOS Magazine
    • Digital Dream
    • Canon

    C-Box

  • Search






    • Home
    • Posts RSS
    • Comments RSS
    • Edit

    © Copyright L'etranger. All rights reserved.
    Designed by FTL Wordpress Themes | Bloggerized by FalconHive.com
    brought to you by Smashing Magazine

    Back to Top