ကိုယ်က မင်းသားပေါ့
ကိုယ့်အိပ်မက် ဇါတ်ဝင်ခန်းတွေနဲ့ အတူတူကပြ
ဘာတစ်ခုမှ ငိုပွဲတွေ မပါကြေး
ကဗျာတွေနဲ့ ကိုယ်နဲ့အကြားမှာ
လျှပ်စစ်မျှင်တန်းတွေ ခြားတယ်
လူးလွန့်ကာ သွားလာလှုပ်ရှား
ဘ၀တွေက သိပ်ကိုများတယ်
ကဗျာထဲက မင်းသား
ကဗျာတွေ ဖတ်နေရင်းနဲ့ပဲ ကိုယ်က ဘ၀ကို
ဗီလိန်မပါဘဲ ဖြတ်သန်းကျော်လွှား
အို ... သိပ် သားနားနေပါလား
အချိန်တန် ကဗျာဆုံး
ဘုန်းခနဲ ပြုတ်ကျသွား
နှလုံးသားတွေရဲ့ ဆန္ဒမှာ
ကိုယ်ဟာ အိပ်မက်ကို ကဗျာစပ်ခဲ့သူပေါ့
ခုတော့လည်း ...
နာနာကျင်ကျင်နဲ့ ကဗျာတွေကို
ဖတ်နေရင်းနဲ့ မုန်း။
ကိုဖြိုး