လောကဟင်းလင်းပြင်ထဲမှာ
ဖြတ်နင်းသွားလာနေကြတဲ့ လူတွေ လူတွေ
ခပ်လှမ်းလှမ်းက ကြည့်နေရရုံနဲ့
ကမျူးရဲ့ ပုလိပ်ကို ပြေးပြေးပြီး သတိရမိစေတယ်
သူတို့ရဲ့ ဦးနှောက်ထဲမှာ
အသက်မွေးဝမ်းကျောင်းမှုဘာသာရပ်တွေကို ထည့်ထားပြီး
တိုးဝှေ့သွားလာနေကြတယ်လေ
တစ်ကိုယ်ရေတကာယလှည့်ပြန်လာခဲ့မိတဲ့ လမ်းပါပဲ ...
ဘယ်သူကမှ အရေးတယူမလုပ်တဲ့ နေ့ရက်တွေများစွာမှာ
ငါတစ်ယောက်တည်း ...
လင်းနေအောင် ထိုင်နေပေမယ့်လည်း
လင်းမလာသေးတာကို မှောင်နေအောင် ခံစားရတယ်
ကျေးဇူးပြုပြီးတော့ အဲဒီ ကြွက်ထောင်ခြောက်ကြီးရဲ့ တံခါးကို
ချိုးဖျက်ဖွင့်ပေးလိုက်ပါ ...
ကိုဖြိုး