ငါ့အရိုးကို အုတ်ဂူပြန်လုပ်လိုက်တယ်
ငါဟာ ...
သူများနောက်မှ မုန့်ရတဲ့
ကလေး
အထင်အမြင်သေးတတ်ကြတဲ့ လူတွေရဲ့အကြားမှာ
နောက်ဆုံးကနေ ၀င်ရပ်မိပြန်ခဲ့
ဦးစားပေးစာရင်းဆိုတာကို
အမောတကော ပြေးပြေးပြီးလည်း
ကြည့်တတ်သေးတယ်
မျက်ရိုးမျက်ရိပ်တွေကလည်း
အသုံးမကျခဲ့ပါဘူးကွယ်
ငါ့ဘက်ကို တစ်ချက်လှည့်မကြည့်သူတွေအတွက်
ငါ့မျက်နှာပျက်သွားလည်း
သွားတာပဲရှိလိမ့်မယ်
လောကလေဆန်ကို ပျံတက်ဖို့ အားယူ
ခုတော့လည်း ချည့်နဲ့တဲ့ ခါးနဲ့
သူရဲအိုတစ်ယောက်ရဲ့ ခံစားချက်မျိုး
ဓားအိမ်ကို တင်းနေအောင် ဆုပ်လိုက်တယ်
မျက်ရည်တစ်သုတ် ရုတ်ခနဲအကျမှာ
ငါ့ဘ၀ကို ငါတကယ်ပဲ
ပြန်ရှာလို့တွေ့မှာလား။
ကိုဖြိုး
နှောင်းလူ ဆိုတော့ လူနှောင်းပေါ့
သူငယ်ချင်း...
ငါတို့ ဟာ နောက်ဆုံးမှရောက်လာတဲ့
ပရောဖက် ...
လောကကြီးက ငါတို့မမွေးခင်ကတည်းက
ပျက်စီးနေတာကြာပါပြီ...
ကဗျာဆရာ လက်တစ်ဆုပ်နဲ့
ကမ္ဘာကြီးကိုကယ်တယ်လို့ မရနိုင်သလိုပဲ