ဒေါက်တာ အေ၊ အမ်ဘေကာ M.A.,Ph.D.,Olitt.,Bar-at-Law,D.Sc.,M.L.C., အိန္ဒိယတရားဝန်ကြီးချုပ်ဟောင်းက မေး၍ ဘိက္ခူအရိယဓမ္မ B.A က ဖြေကြားသော ဗုဒ္ဓ၀ါဒပြဿနာများ စာအုပ်မှ ကိုးကားထားပါတယ်။
၁။ နာမရူပပရိဂ္ဂဟဥာဏ် (စိတ်တို့၏ တကယ့်သဘာဝနှင့် ရုပ်တို့၏ တကယ့်သဘာဝကို ပိုင်းခြား၍ သိသောပညာဥာဏ်အလင်း)
၂။ ပစ္စယပရိဂ္ဂဥာဏ် (စိတ်နှင့်တကွ အထောက်အပံ့သဘောတို့ကို၎င်း၊ ရုပ်နှင့်တကွ အထောက်အပံ့သဘောတို့ကို၎င်း ပိုင်းခြား၍ သိသောပညာဥာဏ်အလင်း)
၃။ ပမ္မသနဥာဏ် (ရုပ်၏ ဖြစ်ပျက်မှု၊ နာ၏ ဖြစ်ပျက်မှုတို့ကို မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ဖြင့် မြင်သောပညာဥာဏ်အလင်း)
၎။ ဥဒ္ဒယဘယဥာဏ် (ရုပ်နာမ်တို့၏ ဖြစ်ပျက်မှုကို ရှုမြင်သော ပညာဥာဏ်အလင်း)
၅။ ဘင်္ဂဥာဏ် (ရုပ်နာမ်တို့၏ အပျက်ကိုသာ ရှုသော ပညာဥာဏ်အလင်း)
၆။ ဘယဥာဏ် (ရုပ်နာမ်ကို ကြောက်မက်ဖွယ် ရှုမြင်သော ပညာဥာဏ်အလင်း)
၇။ အာဒိန၀ဥာဏ် (ရုပ်နာမ်တို့၏ အပြစ်ကို ရှုမြင်တတ်သော ပညာဥာဏ်အလင်း)
၈။ နိဗ္ဗိဒါဥာဏ် (ရုပ်နာမ်တို့ကို ငြီးငွေ့သော ပညာဥာဏ်အလင်း)
၉။ မုစ္စိတုကမျတာဥာဏ် (ရုပ်နာမ် ပျက်စီးမှုတို့မှ လွတ်မြောက်လိုသော ရှုမြင်မှု ပညာဥာဏ်အလင်း)
၁၀။ ပဋိသင်္ခါဥာဏ် (တဖန် လွတ်လိုသော ရှုမြင်မှု ပညာဥာဏ်အလင်း)
၁၁။ သင်္ခါရူပေက္ခာဥာဏ် (ဖြစ်ပျက်မှုတို့ကို လျစ်လျူပြု ရှုမြင်သော ပညာဥာဏ်အလင်း)
၁၂။ အနုလောမဥာဏ် (အောက်ကသိပြီးသော ပညာအလင်းနှင့် အထက်ဆက်သိရန် ပညာအလင်းတို့ကို လျော်စွာ ရှုမြင်သော ပညာဥာဏ်အလင်း)
၁၆။ သကဒါဂါမိ မဂ်ဥာဏ် (လောဘ၊ ဒေါသဖြင့် တွေဝေမှုတို့ကို ထပ်၍ ထပ်၍ ပယ်သော ပညာဥာဏ်အလင်း)
၁၇။ သကဒါဂါမိ ဖိုလ်ဥာဏ် (ဤ အထက်ပါ မဂ်ဥာဏ်၏ အကျိုး)
၁၈။ အနာဂါမိမဂ်ဥာဏ် (ကာမ၊ ရာဂနှင့် စိုးရိမ်စိတ်တို့ကို ကုန်စင်အောင် ပယ်သော ပညာဥာဏ်အလင်း)
၁၉။ အနာဂါမိဖိုလ်ဥာဏ် (ဤ အထက်ပါ မဂ်ဥာဏ်၏ အကျိုး)
၂၀။ အရဟတ္တမဂ်ဥာဏ် (ကိုယ်တွင်းရန်သူ ဟူသမျှတို့ကို အကြွင်းမဲ့ ပယ်သော ပညာဥာဏ်အလင်း)
၂၁။ အရဟတ္တဖိုလ်ဥာဏ် (ဤ အထက်ပါ မဂ်ဥာဏ်၏ အကျိုး)
၂၂။ ပစ္စဝေက္ခနဥာဏ် (အဖန်ဖန် ဆင်ခြင်တိုင်း မြင်သော ဥာဏ်)